မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရဖွယ်ရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လကက္ကပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆိးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးထားသော သူများအနက်မှ ကျေးရွာသား ၃ ဦးကို ပစ်သတ်လိုက်ပြီး အိမ် ၂ လုံးကို မီးရှို့ကြောင်း၊ တစ်ရွာလုံးကိုလည်း မွှေနှောက်လျက်ရှိပြီး ကျေးရွာသား အမျိုးသားတချို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

“ဖမ်းထားတာက လူ ၂၀၀ လောက်ရှိတယ်။ အဲဒီအထဲက အမျိုးသားတွေကို ရွေး ထုတ်ပြီး သတ်တယ်လို့ သိရတယ်။ အဲဒီ ရွာကို ဝင်နေတဲ့ စစ်ကြောင်းက တာ တိုင် ကျေးရွာမှာ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းပါ။ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ အတိ အကျ မသိရသေးဘူးအခြေအနေက ။ စစ်ခွေးတွေကလည်း ရွာထဲက မထွက်သေးဘူး။ ဒဏ်ရာရထားတဲ့ ပြည်သူတွေလည်းရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့ စစ်တပ်က ပြည်သူ ၁၇ ဦးကို လူသားဒိုင်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး အမျိုး သမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s