မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း TYC-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်း ပိတိုင်တောင်ကွေ့အနီးတွင် စစ်သားများ လိုက်ပါလာသည့် စစ်ကား ၂၄ စီးပါယာဥ်တန်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီး တိမ်းမှောက်ကာ ၁ စီး မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF)၏ မြို့ပြပြောက် ကျားတပ်ဖွဲ့နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (TYC-PDGF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s