မြိုင်မြို့နယ်တွင် ရိက္ခာသယ်သွားသည့် စစ်ကောင်စီဝင်နှင် ပျူစောထီးများကို တိုက်ခိုက်မှု စစ်ကောင်စီဝင် ၆ ဦးသေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်

မကွေးတိုင်း၊ မြိုင်မြို့သို့ ရိက္ခာသယ်သွားသော အကြမ်းဖက်စစ်ကောင်စီ တပ် သား များနှင့် ပျူစောထီးများကို မတ်လ ၄ ရက်နေ့တွင် ကြားဖြတ် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၆ ဦး သေဆုံးကြောင်း Myaing Villages Revolution Front – MVRF ၏ ပြန်ကြားရေးတာဝန်ခံမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“မြိုင်နယ်၊ ကျောင်းကုန်းရွာ နဲ့ ကန်နီ (ပျူ)ရွာ ကြားထဲမှာပါ။ ကန်နီဘက်က ခွေးက ၆၀ လောက်လာကြိုတာပါ ။ ကျောင်းကုန်းရွာဘက်ကလည်း ခွေး ၅၀ ခန့် လာပို့တာ။ကြားမှာ အလစ်ဝင်တိုက်တာပါ။ ၆ ကောင်သေပါတယ်။ အရပ်ဝတ်နဲ့ လာကြပါတယ်။ PDF တွေက အထိခိုက်မရှိဘူးဗျ။ ဘေးကင်းတယ်” ဟု Myaing Villages Revolution Front – MVRF မှ ပြန်ကြားရေးတာဝန်ခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။

စစ်ဆင်ရေး တိုက်ပွဲသည် နှစ်ဖက်ညှပ် အနေအထားဖြစ်သော်လည်း တော်လှန် ရေးရဲဘော်များက အန္တရာယ်များသည့်ကြားမှ ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဝင်များ၏ လပ်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း Myaing Villages Revolution Front – MVRF တာဝန်ရှိသူက ဆက် လက်ပြောဆိုသည်။

စစ်ကြောင်းကို တိုက်ခိုက်မှုတွင် ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂) တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s