ယင်းမာပင်မြို့၊ ဝါစက်ရုံအနီးတွင် အုပ်စုဖွဲ့နေသော စစ်သားများကို လက်နက်ကြီးဖြင့် တိုက် ခိုက်မှု ၂ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်မြို့၊ ထွေအုပ်ရုံးအနီးရှိ ဝါစက်ရုံအနီးတွင် စုဝေးနေသော အကြမ်းဖက်စစ်သားများကို လက် နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း Yoma Yar Zar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ မတ်လ ၄ ရက် ည ၉ နာရီခန့်က စတင်၍ ယင်းမာပင်မြို့စုပေါင်းအနီးရှိ ဝါစက်ရုံအနီးတွင် အကြမ်းဖက်စစ်သားများစုဝေးနေကြောင်း သတင်းရရှိသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ၁၁ နာရီခွဲ ခန့်အထိကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ လည်း ၆၀ မမလက်နက်ကြီး ၆ လုံးဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ပစ်တော့ စစ်ခွေးတွေဘက်က ၆၀ မမ နဲ့ ၆ လုံးပြန်ပစ်တယ်၊ အဲဒီ ၆ လုံးထဲက ပြန်ဆုတ်လာတဲ့လမ်းနဲ့ မ လှမ်းမကမ်းမှာ နှစ်လုံးကွဲတယ်၊ ပြီးတော့ ခွေးအင်အား ၄၀ ကျော် လောက်နဲ့ လက်နက်ကြီးပစ်တဲ့ နောက်ကိုလိုက်ပြီးတော့ ပစ်တာ၊ ပြန်ဆုတ်တဲ့လမ်းမှာ မိုင်းကွင်းထောင် ထားခဲ့ပြီးတော့ မိုင်းဆွဲခဲ့တာ နှစ်ကောင်ကတော့ အလောင်းသယ်သွားတာကို မြင်တွေ့ခဲ့ရတယ်၊ အထိ အခိုက်အများအပြားလဲရှိတယ်” ဟု Yoma Yar Zar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ ၊ ရိုးမရာဇာတပ်ဖွဲ့၊ တပ်ခွဲ ၃ ကိုရှမ်းအဖွဲ့၊ ဘာမထီတပ်ဖွဲ့၊ ပွဲတိုင်းကျော်တပ်ဖွဲ့၊ တည့်တိုးတပ်ဖွဲ့၊ တစ်ကိုယ်တော်သုဘရာဇာ တပ်ဖွဲ့၊ B 21 PDF ၊ သုံးဖက်အဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit