ရေဦးတွင် PDF စခန်း စီးနင်းခံရပြီး ကာကွယ် ရေးအဖွဲ့ဝင် ၅ ဦး သေ

စစ်ကိုင်းတိုင်းအလယ်ပိုင်း ရေဦးမြို့နယ်အတွင်း ရွာတစ်ရွာကို စစ်တပ်က စီးနင်းပစ်ခတ်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ အဖွဲ့ဝင် ၅ ဦး သေဆုံးသွားသည်ဟု သိရသည်။

မတ်လ ၄ ရက်၊ နံနက် ၄ နာရီခန့်တွင် မြို့အနောက်ဘက် ၃ မိုင်အကွာ ဖလံဂုဏ်ကျေးရွာကို အင်အား ၁၃၀ ခန့်ရှိ စစ်ကောင်စီတပ်က ရုတ် တရက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်တစ်ဦးက ပြောသည်။

မြို့ပေါ်မှ လာသော ထိုစစ်ကြောင်းသည် တောလမ်းများမှတစ်ဆင့် ရောက်လာသည်၊ ထိုရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  တပ်စိပ်တစ်ခုနှင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များ အိပ်ရာထပြီးသားဖြစ်သော်လည်း ပြန်လည် တုံ့ပြန်တိုက်ခိုက်ရန် အခြေအနေမပေးခဲ့ဟု ဆိုသည်။

“ကြားထဲကရွာတွေကို ကွင်းပြီးတော့ ခြေသံလုံလုံနဲ့ တိုးလာပြီးတော့ ဝင်ရောက်စီးနင်း ပစ်ခတ်သွားတဲ့ သဘောပေါ့ဗျာ။ တပ်ရင်းက PT (ကာယလေ့ကျင့်ခန်း) လုပ်ဖို့  ထပြီးသားဖြစ်ပေမဲ့ အဆင်သင့် ဖြစ်မသွားဘူး။ အဓိကက စစ်လက်နက်က အဆင်သင့် တပ်ဆင်မထားဘူးလေ” ဟု အထက်ပါ ပကဖခေါင်းဆောင်က ဆိုသည်။

PDF တပ်စိတ် နေထိုင်သည့် အဆောက်အအုံနှင့် ပလဖအဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အအုံနှစ်လုံးကို စီးနင်းခဲ့ရာ PDF တပ်စိပ်သည် ပြန်လည်ပစ်ခတ်ကာ ဖောက်ထွက်နိုင်ခဲ့ပြီး ပလဖအဖွဲ့ဝင်များမှာ စီးနင်းမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၅ ဦး ဖြစ်ပြီး ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို မသိရပေ။

ရုပ်အလောင်းများ၊ ဆိုင်ကယ်များ မီးရှို့ထားသည်ကို စစ်တပ်ထွက်သွားပြီးနောက် မတ် ၆ တွင် ရွာအတွင်း သွားရောက်ကြည့်ရှုရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရဲဘော်တွေရဲ့ ဆိုင်ကယ်တွေကို ပတ်ပတ်လည်ထားပြီးတော့ ကျဆုံးရဲဘော်တွေကို တစ်ခါတည်း ရှို့သွားတာ။ ပြာကျတဲ့အဆင့် ရောက်သွားတယ်။ ရုပ်အလောင်းတွေက ဒူးခေါင်းရိုးတွေလောက်ပဲ ကျန်တော့တာ” ဟု ရေဦးမြို့နယ် ပကဖခေါင်းဆောင်က ဆိုသည်။

ထိုစစ်ကြောင်းမှ စစ်သားများသည့် ရေဦးအရှေ့ဘက်ခြမ်းမှ ကျေးရွာများကို မတ် ၄ နှင့် ၅ ရက်တွင် ဆက်တိုက်စီးနင်းပြီး ယနေ့ (မတ် ၆) တွင် ခင်ဦးမြို့နယ်ဘက်သို့  ရောက်ရှိလာကာ ကျေးရွာများကို ဆက်လက် စီးနင်းနေကြောင်း သိရသည်။

စစ်တပ်က ထိုစီးနင်းမီးရှို့မှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင် PDF များ ရှိပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များ ရှိကြသည်။

စစ်ကိုင်းတိုင်းအတွင်း ခင်ဦး-ရေဦး လမ်းပိုင်းတွင် စစ်ယာဉ်တန်းများကို တော်လှန်ရေးအဖွဲ့တို့က မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေကြပြီး စစ် တပ်ကလည်း ရေဦးမြို့မှတစ်ဆင့် မူးမြစ်ကို ဖြတ်ကူးကာ တစ်ဖက်ကမ်းရှိ ခင်ဦးနယ်အနောက်ခြမ်းကို စီးနင်းတိုက်ခိုက်နေသည်။

ရေဦးမြို့နယ်တွင် ယမန်နှစ် မေလအတွင်း ရွာသား ၂၈ ဦး အသတ်ခံရသော မုန်တိုင်ပင်ရွာ အပါအဝင် ကျေးရွာအများအပြား စီးနင်းခံရပြီး နေအိမ်အများအပြား မီးရှို့ခံခဲ့ရသည်။

ယခုနှစ် ဇန်နဝါရီ ၁၃ နှင့် ၁၄ ရက်တို့တွင် အင်အား ၈၀ ဝန်းကျင်စီဖြင့် ဒီပဲယင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းနှစ်ခုက ရေဦးမြို့နယ်အနောက်ခြမ်းကျေးရွာများကို ဆက်တိုက် မီးရှို့ခဲ့ပြီး ဇန်နဝါရီ ၁၅ တွင် ရေဦးမြို့ပေါ်မှတစ်ဆင့် မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်အ တွင်း ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ခဲ့ကြသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s