ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ရွာနှင့် ပြွန်ဦးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Special Attacking Force-Upper Burma-SAF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့်ဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများသည် ကန်ထူးရွာ၊ သရက်ကြီးရွာတို့ကို ဝင် ရောက် ပြီးနောက် ပြန်လည်ထွက်လာရာ ဘုရားပြန်ရွာနှင့် ပြွန်ဦးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲက ၁၀ မိနစ်လောက်ပဲကြာတယ်၊ စနိုက်ပါအနေနဲ့က စစ်ခွေးနှစ်ကောင်သေတာ အတည်ပြုလို့ ရတယ်၊ ကျန် ၇ ဦးကျော်က လဲကျသွားတာတွေ၊ မသေတောင် အပြင်းအထန်ဒဏ်ရာရတာပါ၊ အခု လက်ရှိ အဲဒီစစ်ခွေးတွေက ဘုရားပြန်ရွာမှာပဲ ရှိနေကြသေးတယ်” ဟု Special Attacking Force-Upper Burma-SAF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် (၄) တပ်ရင်း (Special Attacking Force-Upper Burma-SAF)၊ အမှတ်(၃)တပ်ရင်း၊ Generation Z Power၊ ၀လမင်းသားကြီးအဖွဲ့၊ 96 Soldiers အဖွဲ့တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။ khit thit