အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအ တွင်း အရပ်သား ၄၀၀ နီးပါး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိ

တနင်္သာရီတိုင်းတွင် အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း အရပ်သား ၄၀၀ နီးပါးသေဆုံးပြီး ဒဏ်ရသူ ၁၄၆ ဦးရှိကြောင်း Southern Monitor က စုစည်းထားသော အချက် အလက်များအရ သိရသည်။

အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား သေဆုံးသူ ၃၉၄ ဦး နှင့် ဒဏ်ရာရသူ ၁၄၆ ဦး ရှိခဲ့ရာ အရပ်သားထိခိုက်မှု (Civilian casualty) စုစုပေါင်း ၅၄၀ ဦး ရှိခဲ့ ကြောင်း Southern Monitor က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီးအဖွဲ့တို့ ကျူး လွန်ထားသော ထိခိုက်မှုအများဆုံးမြို့နယ်မှာ လောင်းလုံးမြို့နယ်ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၀၇ ဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်ဟု သိရသည်။

အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်များတွင်လည်း အရပ်သားထိခိုက်မှုများပြား သည်ကို တွေ့ရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအားလုံး အနေဖြင့် အရပ်သားထိခိုက်မှု အနည်း ဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာ သင့်ကြောင်း Southern Monitor က တိုက်တွန်းထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s