အိမ်၊ခြံ၊မြေအကျိုးဆောင်များ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးများထံတွင် လိုင်စင်တင်ပြီးမှအရောင်း အဝယ်လုပ်ကိုင်ရတော့မည်

မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေကြသည့် အကျိုးဆောင်များအနေဖြင့် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေ အသိပညာပေးသင်တန်းဆင်းလက်မှတ်ဖြင့် အကျိုးဆောင်လိုင်စင်လျှောက်ထားရမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ၊ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အိမ်ခြံမြေအကျိုး ဆောင်များနှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများ ကြီးကြပ်ရေး အာဏာပိုင် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ထားရှိပြီးနောက် ထွက်ပေါ်လာသည့် ညွှန်ကြားချက်လည်း ဖြစ်သည်။

‘’ကျွန်မတို့နယ်မှာရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေကို ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးသင်တန်းတွေ တက်ရမယ်။အဲဒီသင်တန်းတွေတက်မှပဲ အိမ်ခြံမြေအကျိုးဆောင် လုပ်လို့ရတော့မယ်ဆိုပြီး ပြောတယ်။သင်တန်းမှာလည်း လူကြီးတွေပြောတာတော့ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်သူ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က အမည်မည်းစာရင်း (Black List) သွင်းထားတယ်။ဒါကြောင့်ငါတို့တွေက ဒီလိုအိမ်ခြံမြေအကျိုးဆောင်တွေ၊ရွှေလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကို ငွေဖြူငွေမည်းမလုပ်အောင် သင်တန်းတွေပေးနေရတာဖြစ်တယ်။ဒါမှငါတို့နိုင်ငံကို အမည်မည်းစာရင်းက ပယ်ဖျက်ခံရမှာလို့ ပြောတာပဲ။ကျွန်မလည်း အိမ်ခြံမြေအကျိုးဆောင်လုပ်လာတာ ၁၀ နှစ်ကျော်ပြီ တခါမှမကြုံဖူးဘူး’’ဟု မိထ္ထီလာမြို့မှသင်တန်းလာရောက်တက်သည့် အကျိုးဆောင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် အီရန်နှင့်မြောက်ကိုရီးယားနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု၊အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်သူ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်မည်းစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။

‘’တကယ်တော့ဆိုင်တော့မဆိုင်ဘူးဗျ၊အခုအိမ်ခြံမြေအရောင်းအဝယ်တွေ တော်တော်လေးအေးကုန်တယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့ ဒီညွှန်ကြားချက် ထွက်လာတယ်။ သူကအရောင်းအဝယ်တစ်ခုဖြစ်လို့ သိန်းထောင်ကျော်ရင် ထွေအုပ်ရုံးကိုသတင်းပို့ရမယ်ဆိုတော့ လူတွေကလန့်ကုန်တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာတောင်ဘယ်ကရတဲ့ငွေနဲ့ ဝယ်တာလဲ၊ဘာညာတွေမေးတာစမ်းတာတွေကို မကြိုက်ကြဘူးလေ။ အဲဒီမှာအရောင်းအဝယ် အေးကုန်တာ။ပြီးတော့ နိုင်ငံတကာကBlack List သွင်းတယ်ဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေကို သွင်းချင်တာလေ။အခုတော့အောက်ခြေက အိမ်ပွဲစားလေးတွေကို လာထိကြတာပေါ့’’ဟုလည်း အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေလောကတွင် “မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA) နှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးအသင်း (MRPDA)” ဟူ၍ မှတ်ပုံတင်ထားသည့် အသင်းနှစ်သင်းရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s