ကရင်ပြည်နယ်၊ တောင်စွန်းတိုက်ပွဲ အတွင်း စစ်သား ၂၃ ဦး ရှင်းလင်းနိုင်ခဲ့သည့် S.O.F စနိုက်ပါ အဖွဲ့ကို လက်နက် တပ်ဆင်ရန်အတွက် ပြည်သူများ၏ အလှူငွေ လိုအပ်

ကရင်ပြည်နယ်၊ တောင်စွန်းတိုက်ပွဲ အတွင်း စစ်သား ၂၃ ဦးကို ရှင်းလင်းနိုင်ခဲ့သည့် S.O.F စနိုက်ပါ အဖွဲ့ကို လက်နက် တပ်ဆင်ရန်အတွက် အ လှူငွေများ လိုအပ်လျက်ရှိကြောင်း S.O.F Snipers အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

S.O.F စနိုက်ပါအဖွဲ့ ကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈ မှ စနိုက်ပါ သင်တန်းဆရာများနှင့် အမေရိကန် မရိန်းသင်တန်းဆရာ (မရိန်းတပ်ဖွဲ့ဝင်ဟောင်း) များ ကိုယ်တိုင် အဆင့်ဆင့် အနီးကပ် လေ့ကျင့်သင်ကြားပေးထားပြီး သင်တန်းပြီး မြောက်ချိန်မှာ အကောင်းဆုံး လက်ဖြောင့်တပ် သား တပ်စိတ်တစ်စိတ်ပေါ်ထွက်လာပါပြီး ယခု စနိုက်ပါ တပ်စု တစ်စုရှိနေကြောင်း သိရသည်။

ထို့ပြင် S.O.F စနိုက်ပါ (လက်ဖြောင့်) တပ်သား ၁ ဦးဖြစ်ရန် အခြေခံ စစ်သင်တန်း တစ်လခွဲ ၊ physical training တစ်လခွဲ၊ စနိုက်ပါအထူးသင်တန်း တစ်လခွဲ၊ Live Fire နှစ်ပတ် စုစုပေါင်းအချိန် ငါးလခန့် လေ့ကျင့်သင်ကြားရကြောင်း၊ ၂၀၂၃ ဇန်နဝါရီလအတွင်း တောင်စွန်းတိုက်ပွဲ အတွင်း S.O.F စနိုက်ပါနှင့် ပူးပေါင်းအဖွဲ့များက စစ်တပ်ဘက်မှ စစ်သား ၂၃ ဦးအထိ သုတ်သင်ရှင်းလင်းနို​င်ခဲ့ကြောင်းသိရှိရသည်။

စနိုက်ပါ လက်ဖြောင့်တပ်သားများသည် တပ်ဖွဲ့စစ်ကြောင်းနှင့် ပူးပေါင်းပြီး စစ်ကြောင်းများ ကျရာတာဝန် ထမ်းဆောင်လျက်ရှိပြီး ယခုလက်ရှိ စနိုက်ပါ နှစ်လက်ဖြင့် အလှည့်ကျ မစ်ရှင်များ ဆောင်ရွက်နေကြောင်း၊ စနိုက်ပါ တပ်သားများသည် တိုက်ပွဲ တစ်ပွဲတွင် အနည်းဆုံး စစ်သား ၁ ဦးမှ ၅ ဦးအထိ ပွဲတိုင်းသုတ်သင်နိုင်ခဲ့ကြောင်း၊ S.O.F တပ်ဖွဲ့အတွင်း စနိုက်ပါများ ထပ်မံ တပ်ဆင်နိုင်ရင် ယခုထက် အောင်မြင်မှုများ ပိုရလာမည်ဖြစ်ကြောင်း၊ စနိုက်ပါရဲဘော် အားလုံး ယုံကြည်မှုအပြည့်ဖြင့် အလုပ်များ လုပ်ရန် စိတ်အားထက်သန်နေကြပြီး စနိုက်ပါ သေနတ်များ ထပ်မံ တပ်ဆင်နိုင်ရန် ဝိုင်းဝန်း ကူညီ လှူဒါန်းပေးစေလိုကြောင်း S.O.F တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s