စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာသည့် ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်ရန် ဉပဒေပြင်

စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာသည့် ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်မည့် အချက်ပါဝင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို ပြင်ဆင်သည့် ဉပဒေအား စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးပြဌာန်းခဲ့သည်။

စစ်ကောင်စီက ပြင်ဆင်သည့် ဉပဒေတွင် ပုဒ်မ ၁၀ ၌ “တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်သည်နှင့် တပြိုင်နက် ရဲအရာရှိ သို့မဟုတ် ဤကိစ္စအလို့ငှာ ဝန်ကြီးဌာနက အာဏာအပ်နှင်းထားသော အခြားသူတစ်ဦးဦးသည် ယင်းတရားမဝင် ထုတ်ဝေစာများကို ရာဇဝတ်ကျင့်ထုံးဉပဒေနှင့်အညီ သိမ်းယူနိုင်သည်”ဟု အစားထိုးထားသည်။

ယခင် ဉပဒေ၏ ပုဒ်မ ၁၀ တွင် တရားဝင် ထုတ်ဝေစာမဟုတ်ကြောင်း အမိန့်တစုံတရာ မချမှတ်မီ လျှောက်ထားခံရသော ထုတ်ဝေစာကို ဖြန့်ချီခြင်းမပြုရန် ယာယီတားဝရမ်းထုတ်ဆင့်ခြင်းကို ဉပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

ထို့အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကိုလည်း ယခင်က တရားမဝင် ထုတ်ဝေစာအဖြစ်ကြေ ညာပေးရန် သက်ဆိုင်ရာ တရားရုံးများသို့ လျှောက်ထားပြီး တရားရုံး၏ စီရင်ချက် လိုအပ်မည်ဖြစ်သော်လည်း လက်ရှိပြင်ဆင်မှုတွင် တရားရုံးများထံ လျှောက်ထားရန်အချက်မပါ​တော့ဘဲ ဝန်ကြီးဌာနသည် တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေ ညာနိုင်သည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ဖော်ပြခြင်း၊ လုံခြုံရေး၊ ဉပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေမည့်အကြောင်းအရာများ ဖော်ပြခြင်း၊ ညစ်ညမ်းစာများကိုဖော်ပြခြင်း၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ တွေ့ရှိပါကလည်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့် အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်သည်ဟု စစ်ကောင်စီက ပြဌာန်းထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းဌာန ၁၀ ခုကျော်ကို ပိတ်သိမ်းခဲ့ပြီး စာပေတိုက်နှင့် ပုံနှိပ်တိုက်များကိုလည်း ညစ်ညမ်းစာပေထုတ်ဝေခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ထုတ်ဝေခဲ့သည်ဟုဆိုကာ ပိတ်သိမ်းခြင်းများလည်း ပြုလုပ်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s