ညောင်ဦးမြို့နယ်တွင် စစ်တပ်သတင်းပေး တပ်ကြပ်ကြီးဟောင်း စန်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်လှရွာတွင် စစ်ကောင်စီ သတင်းပေး စစ်မှုထမ်းဟောင်း၊ တပ်ကြပ်ကြီးဟောင်း စန်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ညောင်ဦးမြို့နယ် လက်ထုပ်ကျေးရွာ အုပ်စု ညောင်လှရွာနေ တပ်ကြပ်ကြီး (ငြိမ်း) စန်းလှိုင်သည် အ ငြိမ်းစားယူထားသည့်တိုင် စစ်တပ်ထံသို့ သတင်းအချက်အလက်များ ပေးပို့၍ ပြည်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ၍ သွား ရောက်ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း Bagan Ogre Force (P.D.F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။

တပ်ကြပ်ကြီးဟောင်း စန်းလှိုင်သည် ညောင်ဦး-မြင်းခြံ လမ်းတစ်လျှောက် စစ်ကောင်စီကို သတင်းပေးနေသည့် အဓိကထောက်တိုင်အဖြစ် လုပ် ဆောင်နေသည့်ကို အချက်အလက် အတိအကျရရှိထားသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ပြီး စန်းလှိုင်၏ သမီးဖြစ်သူ နှင်းယုယုအောင်မှာလည်း စစ်ကောင်စီကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအတွက် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ စန်းလှိုင်၏ အိမ်တွင် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ရဲများကို မကြာခဏ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ကာ စစ်တပ် အားကိုးဖြင့် ပြည်သူများကို အာဏာပြ ခြိမ်းခြောက်နေသူဖြစ်ကြောင်း သိရှိရသည်။

တပ်ကြပ်ကြီးဟောင်း စန်းလှိုင်သည် အမှတ် ၇၈ ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တပ်ထဲတွင် ၂၇ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s