တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ် ဖြတ်မှု အပါအဝင် စစ်တပ်က ကျူး လွန်သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါင်း ၃၀ ကျော်ရှိပြီး ကုလသမဂ္ဂနှင့် ICC တရားရုံးထံသို့ NUG က ပေးပို့ တိုင်ကြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ် တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို မတ်လ ၂ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်မှုအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးICC ထံသို့ ပေးပို့ တိုင်ကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်သည်။

မတ်လ ၆ ရက်နေ့ ကျင်းပပြုလုပ်သည့် တာတိုင်ကျေးရွာမှ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခံရမှု နှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို စစ်တပ်က ရက်ရက် စက် စက် သတ်ဖြတ်မှုနှင့်ပတ်သက်၍ သက်သေအထောက်အ များကို စနစ်တကျစုဆောင်း၍ နိုင်ငံတကာလူ့အခွင့်အရေးနှင့် ရာဇဝတ်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့တိုင်ကြားပြီးဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောကြား သည်။

“အခု ကျွန်တော်တို့ ဖြစ်ပျက်နေတဲ့ ရွာသူရွာသားတွေကို ဓားစာခံအဖြစ် ဖမ်း ဆီး သွားတယ်၊ သတ်ဖြတ်တဲ့အခါမှာလည်း သွေးအေးအေးနဲ့ သတ်ဖြတ်တာတွေ့ ရတယ်။ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ကို ထပ်ပြီးကြည့်မယ်ဆိုရင်တော့ ဒါကလည် ဘယ်လိုမှ မလုပ်ဆောင်သင့်တဲ့ ပြစ်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆို‌တော့ စစ်ပွဲဖြစ်နေသည့်တိုင်အောင် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် သတိထားရှောင်ကြဉ်ရမယ်၊ အရပ် သားတွေရဲ့အခွင့်အရေးနဲ့ လုံခြုံမှုကို ကာကွယ်ပေးရမယ်။ အရပ်သားတွေအပေါ်မှာ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမရှိရလို့ နိုင်ငံတကာဥပဒေတွေမှာ ဖော်ပြထားပြီးသားပါ။ အခုဒီကာလကို ကြည့်မယ်ဆိုရင် လက်နက် ကိုင် ပဋိ ပက္ခကာလအတွင်း ဖြစ်နေတယ်။ ဖမ်းဆီးခံရသူတွေကလည်း အရပ်သားတွေဆိုတာ အားလုံး သိပြီးသားဖြစ်တယ်။ ဒါကိုမှ ရည် ရွယ်ချက်ရှိရှိနဲ့ ဓားစာခံ ဖမ်းဆီးပြီးတော့ အပြစ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်မှုဖြစ်ခြင်းကတော့ စစ်ပွဲဆိုင်ရာရာဇဝတ်မှု War Crime ကို ကျူးလွန်ခြင်းဖြစ်တယ်လို့ ထင်ရှားနေတာ တွေ့ရပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသည်။

ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ မှတ်တမ်းတင်ထားမှု အရ စစ်ကောင်စီက ကျူးလွန်သော ပြည်သူ ၅ ဦးထက်ပိုသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်းမှာ ၃၀ ကျော်ပြီဖြစ်ကြောင်း၊ အဆိုပါ လူ့အခွင့်အရေးချိုးဖောက် မှုများကို မှတ်တမ်းတင်ထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပေးပို့ကာ ပိုမိုပြင်းထန်သည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာစေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC တွင် တင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s