တီးတိန်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် လတ်တလော ခရီးသွားလားခြင်းမပြုလုပ်ရန် PDF Zoland မှ အသိပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်ဘက်သို့ စစ်ကောင်စီတပ်သားများ ယနေ့ မတ်လ ၇ ရက်၊ နံနက်အစောပိုင်းက ကားအစီးရေ ၂၀ ခန့်ဖြင့်တက်လာကြောင်း သိရသည်။

၎င်းတို့သွားရာ လမ်းမများပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သောကြောင့် လတ်တလော ခရီးသွားလားခြင်းမပြုလုပ်ရန် ချင်း ပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် PDF Zoland မှ အသိပေးထားသည်။

စစ်ကောင်စီတပ်သားများမှာ ခရီးသွားများကို လူသားဒိုင်းအဖြစ်အမြဲအသုံးပြုသည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွားခြင်း၊ တောထွက်ခြင်းများ မပြုလုပ်ကြရန်၊ တတ်နိုင်သမျှ မိမိအသက်လုံခြုံရေးဂရုစိုက်ကြရန် PDF Zoland မှ အသိပေးထုတ်ပြန်ထားသည်။

“စစ်သားတွေ အင်အား ၅၀ လောက်ရှိမယ်။ တပ်အင်အားဖြည့်ဖို့တက်လာတာဖြစ်မယ်။ ကားတွေက စစ်ကားတွေချည်းပဲမသုံးဘဲ ပြည်သူတွေရဲ့ကားတချို့ချောဆွဲပြီး သူတို့က အနောက်ကနေလိုက်လာတာပါ။ သူတို့က ပြည်သူများများထိလည်း ဂရုမစိုက်ဘူး။ ကျွန်တော်တို့တော်လှန် ရေးဘက်ကတော့ ပြည်သူ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရစေချင်လို့ မစ်ရှင်ဖျက်ခဲ့ရတာမျိုးရှိတယ်။ ကျွန်တော်တို့ မစ်ရှင်အောင်မြင်ဖို့ ပြည်သူတွေခရီးသွားလာတာတွေဂရုစိုက်ပေးကြပါလို့ အသိပေးချင်ပါတယ်။”ဟု PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့အနီး ဆဲဇန်ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF Zoland၊ CDM Siyin ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲမှာ နှစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများဘက်မှ အသေအပျောက်နှင့် ဒဏ်ရာရသူအများအပြားဖြင့် ဆဲဇန်ကျေးရွာမှ ဆုတ်ခွာသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း PDF Zoland ထံက သိရသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland မှာ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး PDF Zoland နှင့် စစ်ကောင် စီတပ်များသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်အထိ ချင်းပြည်နယ်၊ ဟန်ဇိန်ရွာတွင် ၁၀ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ် ပွားခဲ့ပြီး PDF Zoland ဘက်မှ တူမီးသေနတ်များဖြင့်သာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးရေ ၈၀ ကျော်သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s