တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူများ ကင်းပတ်နေချိန် မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးဆိုသူများ ကင်းပတ်နေစဉ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးသွားကြောင်း မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု Monywa Local Revolution Union (MLRU) က မတ်လ ၇ ရက် ယနေ့တွင် ထုတ် ပြန်သည်။

မတ်လ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်က ပျူစောထီးအဖွဲ့ ၃၀ ခန့် ၎င်းတို့ရွာအနီးရှိ လယ်ကွင်းများတွင် ကင်းပတ်နေစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

“သေဆုံးဒဏ်ရာရတာတွေကို မျက်မြင်တွေ့ခဲ့ရတာတွေရှိပါတယ်။ အတည်ပြုဖို့ကတော့ ဒီဘက်က စစ် ရေးအခြေအနေတွေကြောင့် လုံခြုံရေးအရ ပြောလို့အဆင်မပြေပါဘူး”ဟု MLRU ပြန်ကြားရေးနှင့် ဘဏ္ဍာ ရေးတာဝန်ခံ PT က မဇ္စျိမကို ပြောသည်။

ပဒေသာမိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးသုံးဦး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေး ကုသစဉ်သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပျူစောထီးများက လက်နက်ငယ်များဖြင့်ဘေးပတ်ဝန်းကျင်အား ရမ်းသန်း ပစ်ခတ်ခဲ့ကြကာ သေဆုံးဒဏ်ရာရသူများကို နွားလှည်းများဖြင့်တင်၍ တောပုရွာဖက်သို့ သယ်ယူသွားခဲ့ ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို MLRU တပ်ခွဲ (၂) Brave Heart Army (BHA) ၊ တပ်ခွဲ(၁) Special Force – 11 နှင့် တပ်ခွဲ (၃) Monywa Special ဒိတ် ဒိတ်ကြဲ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တောပုရွာမှပျူစောထီးများသည် မုံရွာ-စစ်ကိုင်းလမ်းပေါ်ရှိ စွမ်းရည်ထက်ဆီဆိုင်အနီးမှ စစ်ကောင်စီတပ် သားများနှင့်ပူးပေါင်းပြီး လမ်းမပေါ်ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးငွေတောင်းခြင်းများ ပြုလုပ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

၎င်းအပြင် ခင်မွန်ရွာ ဘက်စုံခြံတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များထံသို့ လက်နက်ပစ္စည်းနှင့် ရိက္ခာ များ သယ်ယူပို့ဆောင်ခြင်းများတွင်ပါဝင်ကာ ရွာအနီးစစ်ကြောင်းများတွင် လမ်းပြများအဖြစ်လုပ်ကိုင် ဆောင်ရွက်နေကြောင်းသိရသည်။

ပြီးခဲ့သော မတ်လ ၃ ရက်နေ့က အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် LPDF များ စု ပေါင်းချိတ်ဆက်လှုပ်ရှားနိုင်ရန် Brave Heart Army ၊ Special Force – 11 နှင့် Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့များပူးပေါင်း၍ “မုံရွာဒေသခံ တော်လှန်ရေးတပ် ပေါင်းစု Monywa Local Revolution Union (MLRU)” ကိုဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၎င်းတို့ MLRU ၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများအား နားလည်လိုက်နာပြီး ပူးပေါင်းပါဝင်လိုသော ညီနောင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး တပ်ခွဲ(၄) အဖြစ် Monywa Dynamite Special Task Force ပူးပေါင်းပါဝင်လာကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s