ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဇီးတောကျေးရွာအနီးတွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ် ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၆ ရက် နံနက် ၉ နာရီ အချိန်တွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) တပ်ဖွဲ့ ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်မသိရှိရသေးကြောင်း ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကို Marilyn က ပြောသည်။
“စစ်ကောင်စီ စစ်ကြောင်းကို ၈၀ မမ၊ ၄၀ မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး” ဟု ၎င်းကဆိုသည်။
ထိုတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (S.A.F)၊ MDFနှင့် ဒေသခံ ပ.က.ဖတို့ ပူးပေါင်း၍ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေခြင်းဖြစ်ပြီး မတ်လ ၄ ရက်နေ့ကလည်း မြို့ပေါ်မှ နေအိမ် ၂၈ လုံးကို မီးရှိုဖျက်စီးခဲ့ကြောင်း သိရသည်။ mizzima