မောင်တောတွင် နယ်ခြားစောင့်ရဲ ၄ ဦး ထွက် ပြေးမှု စစ်တပ်က လိုက်ဖမ်းနေ

ရခိုင်ပြည် မောင်တော မြောက်ပိုင်းရှိ နခခ (၉) မှ တပ်ဖွဲ့ဝင်အချို့မှာ ယမန်နေ့ မတ်လ ၆ ရက်က ထွက်ပြေးသွားသည့်အတွက် အင်အားအများအပြားဖြင့် လိုက်လံရှာဖွေနေကြကြောင်း စခန်းနှင့် နီးစပ်သူများကပြောသည်။

ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင်အရေအတွက်မှာ ၄ ဦးဟုသိရပြီး ယမန်နေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ အဆိုပါတပ်ရင်းမှ အင်အားအလုံးအရင်းဖြင့် လိုက်လံရှာဖွေနေသည်ဟု စခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မနေ့က မနက်ပိုင်းကစပြီး လိုက်ရှာနေကြတာ။ ထွက်ပြေးတာ ၄ ယောက်လို့တော့ အကြမ်ဖျင်းသိရတယ်။ သူတို့တောက်လျှောက်လိုက်ရှာနေကြတယ်။ မတွေ့ဘူးနဲ့တူတယ်” ဟုပြောသည်။

နခခ ၉ မှ တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုနှင့်ပတ်သက်၍ အနီးနားကျေးရွာမှ ဒေသခံတစ်ဦးက-

“လိုက်ရှာနေကြတာတော့တွေ့တယ်။ ကျနော်တို့ကိုတော့ ဘယ်ပြောမလဲလေ။ ထွက်ပြေးတယ်လို့တော့ သိထားတယ်။ ရွာဖက်တွေထဲဝင်မေးတာ မြန်းတာမျိုးတွေတော့မရှိဘူး” ဟုပြောသည်။

လက်ရှိမောင်တော နခခ(၉) မှ ထွက်ပြေးသွားသူ တပ်သားများမှာ မည်သူမည်ဝါဖြစ်သည်နှင့် လက်နက်ခဲယမ်းများ ပါ၊ မပါကိုမူ Western News အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

နခခ(၉) မှာ မောင်တောမြောက်ပိုင်းရှိစခန်းတစ်ခုဖြစ်ပြီး အဆိုပါစခန်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။

နယ်ခြားစောင့် တပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့ တပ်ရင်းများမှ ထွက်ပြေးခြင်းတို့မှာ မကြာခဏရှိတတ်ပြီး ထိုအထဲတွင် လက်နက်များဖြင့် ထွက်ပြေးသူများရှိသကဲ့သို့၊ လက်နက်မပါဘဲ ထွက်ပြေးသူများလည်း အသီးသီးရှိကြသည်။

ယခုကဲ့သို့ ထွက်ပြေးမှုဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း မောင်တောမြောက်ပိုင်းတွင်ရှိခဲ့ပြီး ကယ်ရီလိုက်ပို့မိခဲ့သူများပင် ဖမ်းဆီးခံရမှုတို့ရှိခဲ့သည်။ ထို့အပြင် ကျောက်တော်မဟာမုနိတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးကလည်း ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ထွက်ပြေးမှုရှိခဲ့သည်။

စစ်ကောင်စီတပ်မှ တပ်ဖွဲ့များထွက်ပြေးမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ဖက်မှလည်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်တော်ထံဝင်ရောင်ခိုလှုံမှုတို့ အများအပြားရှိလာနေသည်ဟု ပြောဆိုထားမှုရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ထွက်ပြေးသူ၊ CDM ပြုလုပ်သူများအသီးသီးရှိခဲ့ပြီး ထိုသို့ထွက်ပြေးလာသူများထဲတွင် တပ်သားမှ ဗိုလ်မှူးအဆင့်အထိ အသီးသီးရှိတတ်ကြသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s