မြင်းမူမြို့ပေါ်ရှိ အထက ၁ ကျောင်းတွင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အထက ၁ ကျောင်းတွင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း True Fighter အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ ခန့်တွင် မြင်းမူမြို့ပေါ်ရှိ အထက ၁ ကျောင်းတွင်း၌ တပ်စွဲထားသော စစ်သား ၅ ဦး ထမင်းစားပြီး ပန်းကန်ဆေးရန် ထွက်လာစဥ် True Fighter အဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အ.ထ.က ၁ ကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ထမင်းစားပြီး ပန်းကန်ဆေးဖို့ ထွက်လာတုန်း ကျောင်းတံတိုင်းဘေးကနေ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင်သေတယ်။ ကျွန်တော်တို့ ပြုလုပ်တဲ့ missionတိုင်းမှာ စခတွေကိုဘဲ တိုက်ရိုက်တိုက်ခိုက်တာဖြစ်လို့ မိဘပြည်သူတွေ တစ်ယောက်မှ အထိခိုက် မရှိဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကြီးမားတဲ့ မစ်ရှင်တွေ ပြုလုပ်နိုင်ဖို့ လက်နက်ခဲယမ်းဖြည့်တင်းရေးအတွက် အခုလုပ်နေတဲ့ အဖွဲ့ရန်ပုံငွေ ကံစမ်းမဲကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပေးပါလို့ ပြောချင်ပါတယ်” ဟု True Fighter အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အ.ထ.က ၁ ကျောင်းဝန်းအတွင်းသို့ ဘဏ်ရုံးမှ စစ်သားများပါ ရောက်ရှိလာပြီး မြို့ပေါ်၌ ကား၊ ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေပြီး True Fighter အဖွဲ့မှ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s