မြိုင်၊ ဖလံကိုင်းရွာတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိကွယ်လွန်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလံကိုင်းကျေးရွာတွင် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ် ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၆ မိနစ်က ဖလံကိုင်နယ်မြေမှ အကြမ်းဖက်စစ်သားများသည် ဖလံကိုင်းကျေးရွာမှ ပြည်သူပိုင်ရေ စည်လှည်းများကို အနိုင်ကျင့်ယူဆောင်ပြီး ကန်ရေများသယ်ယူစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် Drop Bomb ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိင် ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်စိပ် ၃ နှင့် ပေါက်ကျေးရွာကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်တွင် အကြမ်းဖက်စစ်တပ်က တပေါက်ကုန်း ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မကျည်းသီးကောက်နေသော ပြည်သူ ၂ ဦးထိမှန်ပြီး အသက် ၄၂ နှစ်ခန့်အရွယ်အမျိုးသားမှာ လက်နက်ကြီးကျည်ဆံ ပုဆိုးအတွင်းထိမှန်ပေါက်ကွဲမှုကြောင့် နေရာမှာပင်သေဆုံးသွားကြောင်း၊ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မြိုင်မြို့နယ် ပကဖတပ်ဖွဲ့နှင့် ပေါက် ပကဖတပ်ဖွဲ့များအနေဖြင့် လူသားချင်းစာနာ မှုအကူအညီများ တတ်နိုင်သမျှထောက်ပံပေးသွားမည်ဖြစ်ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s