ရေး-မော်လမြိုင်-ရန်ကုန် ယာဉ်လိုင်းများ အ ရှုံးပေါ်နေပြီး ရပ်တည်ရန် ခက်ခဲနေ

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ကနေ ရေး-မော်လမြိုင်-ရန်ကုန်ကို ပြေးဆွဲနေတဲ့ မော်တော်ယာဥ်လိုင်းတွေ အ ရှုံးပေါ်ပြီး ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ ယာဥ်လိုင်းဆွဲနေသူတွေက ပြောပါတယ်။
ကားသမားတဦးက “စစ်တပ်အာဏာသိမ်းပြီးတဲ့ ကာလအတွင်းမှာ စက်သုံးဆီစျေးတွေ တက်သွားတယ်။ ကားခပါ လိုက်တက်ပေမဲ့ အရင်ကလို ခရီးသည်တွေ အသွားအလာ သိပ်မရှိကြတော့ ကားစရိတ်တွေက မရကြတဲ့အခါ ဒေသထွက်ကုန်တွေ၊ ကုန်ပစ္စည်းနဲ့သာ နည်းနည်းပါးပါး ဆီဖိုးပြန်ရတာ။ ဘာမှမရတဲ့ကားဆို ကျပ်သိန်းချီ ရှုံးကြတယ်” လို့ ပြောပါတယ်။
ရေး-မော်လမြိုင် ခရီးစဥ်ကို ပြေးဆွဲနေတဲ့ ယာဥ်လိုင်းငယ်တွေမှာ ကားတွေ ဒါဇင်နဲ့ချီ ပြေးဆွဲနေပေမဲ့ ခရီးသည်မရတဲ့အတွက် ယာဥ်လိုင်းငယ်တွေ ဆက်လက်မပြေးဆွဲနိုင်တော့ဘဲ နေ့တိုင်းအရှုံးပေါ်နေကာ အလုပ်ပါရပ်နားထားရပြီး မိသားစုစားဝတ်နေရေးပါ ခက်ခဲလာကြတယ်လို့ ယာဥ်လိုင်းကို မှီခိုနေတဲ့သူတွေက ဆိုပါတယ်။DVB