ရှားတောရှိ ခလရ ၅၄ နှင့်နယ်ခြားစောင့်တပ် ရှေ့တန်း စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက် ၇ လက် သိမ်းဆည်းရရှိ

ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ ခလရ ၅၄ နှင့်နယ်ခြားစောင့်တပ် ရှေ့တန်းစစ်စခန်းကို ဝင် ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများကိုသိမ်းဆည်း ရရှိခဲ့ ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၆ ရက် နံနက်၅ နာရီ ၄၅ မိနစ်ခန့်က ရှားတောမြို့နယ်၊ သံ လွင်မြစ် အရှေ့ခြမ်း၊ စွပ်ပိုင်လှေဆိပ်နှင့် ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးတွင် အကြမ်းဖက်စစ်တပ် ခလရ ၅၄ နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲအထိုင်ချထားသော ဟွေအွမ်စခန်းကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရုတ်တရက်အလစ်အငိုက်ဝင်တိုက်တာဆိုတော့ စခန်းတစ်ခုလုံးသိမ်းနိုင်ခဲ့တယ်၊ ခံချတဲ့ကောင်တွေက တော့ သေတာပေါ့၊ တစ်ချို့တွေထွက် ပြေးသွားကြတာ၊ စခန်းသိမ်းပိုက်ပြီးတော့ အမြန်ပြန်ဆုတ်လာခဲ့ တာပါ၊ အဲဒီဒေသမှာက ဟိုနေရာ၊ ဒီနေရာစခန်းကုန်းတွေတည်ဆောက်ပြီး ရှေ့တန်းတပ်တွေကို လိုသလို အင်အားဖြည့်နေတဲ့တပ်စခန်းတစ်ခုပါ” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုသိမ်းပိုက်မှုတွင် အကြမ်းဖက်စစ်သား အလောင်း ၆ လောင်း နှင့် ၆၀ မမ ၁ လက်၊ စနိုက်ဘာ ၁ လက်၊ MA1 ၁ လက်၊ MA 2 ၂ လက်၊ MA 4 ၂ လက် စုစုပေါင်း လက်နက် ၇ လက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ် ခလရ ၅၄ ရှေ့တန်းတပ်သည် လွန်ခဲ့သော ၂၀၂၀ ခုနှစ်နောက်ပိုင်းကတည်းက သံလွင်မြစ်အရှေ့ဘက်ခြမ်း ဟွေအွမ်စစ်ဒေ သတွင် ရောက်ရှိခဲ့ပြီး နယ်စစ်အနီး စခန်းထိုင်လှုပ်ရှားနေ သော ခလရ ၁၃၄ ၊ ခလရ ၁၃၅ တို့နှင့် အခြားတပ်ရင်းများကို လိုအပ်လျှင်လိုအပ်သ လို လက်နက်ခဲ ယမ်း၊ ရိက္ခာ၊လူအင်အားများ ပို့ဆောင်ရေးတွင် ကူညီပေးသည့် တပ်စခန်းဖြစ် ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s