သင်တန်းဆင်း လက်ဖြောင့်တပ်သားများအ တွက် စနိုက်ပါများတပ်ဆင်ရန် လိုအပ်နေ

သင်တန်းဆင်း လက်ဖြောင့်တပ်သားများအတွက် စနိုက်ပါများတပ်ဆင်ရန် လိုအပ်နေ ကြောင်း NUG ကာကွယ် ရေး ဝန်ကြ ီးဌာန လက် အောက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) က သတင်းထုတ်ပြန်သည်။

” စနိုက်ပါတွေ ထပ်ပြီးတပ်ဆင်နိုင်ရင် ယ္ခုထက် အောင်မြင်မှူတွေ ပိုရလာမယ္ဆိုတာ မလွဲဧကန်ပါ။ တပ္မဟာ (၆)/(၄) ရှေ့တန်း စစ်ကြောင်းတွေကိုဖြန့်ကျက်လှူပ်ရှားဖို့အစီအစဉ်လည်းရှိပါတယ်။ ရဲဘော်တွေကိုပဲအလှည့်ကျပေးနားပြီး မစ်ရှင်တွေကို မနားတမ်း ဆောင်ရွက်ချင်ပါတယ်။ စနိုက်ပါရဲဘော်အားလုံးယုံကြည်မှူ အပြည့်နဲ့ အလုပ်တွေလုပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ စနိုက်ပါတွေ ထပ်ပြီးတပ်ဆင်နိုင်ဖို့လည်း ဝိုင်းဝန်းကူညီလှူဒါန်း ပေးကြစေလိုပါတယ်” ဟု SOF က သတင်းထုတ်ပြန်သည်။

အဖွဲ့မှ စနိုက်ပါတပ်သားများမှာ တပ်ဖွဲ့ စစ်ကြောင်းနှင့် ပူးပေါင်းစစ် ကြောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိရာ လတ်တလောတွင် စနိုက်ပါ နှစ်လက်သာရှိပြီး အလှည့်ကျ မစ်ရှင်များ ပြုလုပ်နေရကြောင်း၊ ဇန်နဝါရီလကဖြစ်ပွားခဲ့သည့် လေးရက်ကြာ တောင်စွန်းတိုက်ပွဲတွင် SOF စနိုက်ပါအဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ရန္သူ ၂၃ ဦးအထိ သုတ်သင်နိုင်ခဲ့ကြောင်း SOF က ဆိုသည်။

” စနိုက်ပါတိုင်း တစ္ပြဲမွာ အနည်းဆုံး ရန္သူ တစ်ယောက်မှ ငါးယောက် အထိ ပွဲတိုင်းသုတ်သင်နိုင်ခဲ့ပါတယ်” ဟု SOF ၏ ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

စနိုက်ပါ တပ်ဖွဲ့ဝင်များကို KNU တပ္မဟာ ၆၊ တပ်ရင်း ၁၈ မွ သင်တန်းဆရာများ၊ အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်း တပ်ဖွဲ့ဝင်ဟောင်း) များကိုယ်တိုင် အနီးကပ် လေ့ကျင့်သင်ကြားပေး ခဲ့ျပီး သင်တန်းပြီးမြောက်ချိန်တွင် စနိုက်ပါတပ်စု တစ္စုရွိ နေပြီဖြစ် ကြောင်း SOF က ထုတ် ပြန်သည်။

S.O.F စနိုက်ပါ (လက်ဖြောင့်) တစ်ယောက်ဖြစ်လာရန် အခြေခံစစ်သင်တန်း တစ္လခြဲ ၊ physical training တစ္လခြဲ၊ စနိုက်ပါအထူးသင်တန်း တစ္လခြဲ၊ livefire နှစ်ပတ် စုစုပေါင်းအချိန် ငါးလခန့် လေ့ကျင့်သင်ကြားရသည်ဟု SOF က ဆိုသည်။

စနိုက်ပါများ တပ်ဆင်နိုင်ရန် လှူဒါန်းလိုသူများအနေဖြင့် SOF ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လှူဒါန်းနိုင်သည်ဟု တောင်ပိုင်း စစ် ဒေသကွပ်ကဲရေးတွင် ပါဝင်သည့် SOF က ထုတ်ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s