ကျောင်းသားများ စာကြည့်ရန်ပင် လျှပ်စစ်မလုံလောက်သော်လည်း၊ တရုတ်လျှပ်စစ်ကားများ ဆက်တိုက်တင်သွင်း

တရုတ်နိုင်ငံမှ တင်သွင်းခွင့်ရထားသည့် လျှပ်စစ်ကားများ မြန်မာနိုင်ငံသို့ ဆက်တိုက်ရောက်ရှိလာနေသည်ဟု Xinhua သတင်းဌာနက မတ်လ ၆ ရက်တွင် ရေးသည်။

တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားအစီးရေ ၃၀၀၀ တင်သွင်းခွင့်ရထားသည်ဖြစ်ရာ ဇန်နဝါရီလတွင် ကားအစီးရေ ၄၀ ရောက်ရှိလာပြီး ယခုလတွင် ၂၅ စီး ထပ်မံရောက်ရှိမည်ဟုဆိုသည်။

စစ်ကောင်စီသည် လျှပ်စစ်မော်တော်ကားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို ယ မန်နှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။ တင်သွင်းလာသော EV များအပေါ် အကောက်ခွန်မဲ့ စနစ်ဖြင့် ယမန်နှစ် နိုဝင်ဘာ ၂ ရက်မှ ယခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုခဲ့သည်။

လက်ရှိတွင် BEV တင်သွင်းခွင့်ပါမစ်ရရှိထားသည့် ကုမ္ပဏီရှစ်ခုရှိသည်။ လျှပ်စစ်ကားများ အားသွင်းနိုင်သည့် အားသွင်းရုံ ၁၄၀ ကျော် ဆောက် လုပ်ရန် စစ်ကောင်စီက ခွင့်ပြုထားပြီး ရန်ကုန်၊ နေပြည်တော်တို့တွင် ဆောက်လုပ်လျက်ရှိနေသည်။

လျှပ်စစ်ကားတစ်စီးလျှင် ကျပ်သိန်း ၆၅၀ မှ ၁,၀၀၀ ကျော်ထိဈေးရှိနိုင်ပြီး အားသွင်းချိန် အချိန် ၄ နာရီမှ ၈ နာရီအထိ ကြာမြင့်မည်ဖြစ်သည်။ နိုင်ငံတွင် မီးမမှန်သလို အားသွင်းရန် အခြေခံအဆောက်ဦးမရှိ၍ အဆင်မပြေသေးကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

လျှပ်စစ်လိုအပ်ချက် မြင့်မားနေသည့် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းကလေးငယ်များ စာမေးပွဲဖြေချိန် နီးကပ်လာသော်လည်း စာကြည့်ရန်ပင် လျှပ်စစ်မီးမရဘဲဖြစ်နေသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုကာလ မတ်လ ၁ ရက်မှ ၂၀ ရက်အတွင် ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ စက်မှုလုပ်ငန်းများ လျှပ်စစ်မသုံးကြရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းက တားမြစ်ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s