ချင်းရွှေဟော်လမ်းပိုင်းမှာ ကုန်တင်ကား ၂ စီး မီးရှို့ခံထားရ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာဒေသဖြစ်သည့် ကိုးကန့်ဒေသ ချင်းရွှေဟော်လမ်းပိုင်း၌ ယနေ့မနက် ၉ နာရီဝန်းကျင်က ကုန်ကား နှစ်စီး မီးရှို့ခံထားရသည်ဟု ကားသမားတစ်ဦးထံမှ သိရသည်။

“ဘယ်သူက ရှို့လဲတော့ မသိရဘူး။ အခွန်မဆောင်လို့ ရှို့ခံရတာလို့ တချို့ကားဆရာကပြောတယ်။ အဲကားတွေ ဘာတင်လဲဆိုတာ မသိဘူး။ အ နီးကပ် သွားမကြည့်ရဲဘူး။ ကားမီးလောင်တာဘဲ သိတယ်။ အရင်က အဲနားမှာ လက်နက်ကိုင်အစုံရှိတာ။ ဒီမနက်ဖြတ်တဲ့အချိန် ဘယ်သူမှ မတွေ့ဘူးဘဲ။ ကားက တစ်ဝက်လောင်နေပြီ”

လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ယခုလို ကားမီးရှို့ခြင်းသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူ၏ဘဝကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေ သည်ဟု ၎င်းက ဆိုသည်။

ကိုးကန့်တပ်မတော် (MNDAA)က မီးရှို့ကြောင်း ဒေသခံအချို့က ပြောဆိုကြပေမဲ့ သီးခြားအတည်မပြုနိုင်သေးပေ။

ချင်းရွှေဟော်-မန်တိန်လမ်းပိုင်းအား ၁၂ ဘီးတွဲကားများကိုသာ သွားလာခွင့်ပြုထားပြီး ၎င်းနေရာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေကြသည့်ဒေသဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s