စစ်ကောင်စီ စစ်ကြောင်းနှင့် တပ်စခန်းများကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်သည့် အင် ဂျင် တပ်ဆင်ထားသော ဒရုန်းများ စမ်းသပ်မှု အောင်မြင်
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ၏ စစ်ကြောင်းနှင့် တပ်စခန်းများကို ထိထိ ရောက်ရောက် တိုက်ခိုက်နိုင်သည့် အင်ဂျင် တပ်ဆင်ထားသည့် ဒရုန်းများ စမ်းသပ်မှု အောင်မြင်ကြောင်း Dawn Company ရောင်နီတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ ဒရုန်းများသည် သာမန် ဒရုန်းများထပ် ပမာဏ ပိုမိုသယ်ဆောင်နိုင်ပြီး အကွာအဝေး ပိုမို သွားလာနိုင်ပြီး အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ကြောင်း၊ ယင်း စမ်းသပ်မှုသည် စမ်းသပ်ချက် များစွာထဲမှ တစ်ခုဖြစ်သည့် ရောင်နီတပ်ခွဲ၏ တတိယမျိုးဆက် အင်ဂျင် တပ်ဆင်ထားသည့် ဒရုန်း များဖြစ်ပြီး စမ်းသပ် အောင်မြင်မှုများစွာရရှိထားပြီး ဆက်လက် စမ်းသပ်မည့် Project များစွာရှိကြောင်း သိရသည်။
“သာမန် ဒရုန်းတွေထပ် ပမာဏ ပိုမို သယ်ဆောင်နိုင်ပြီး အကွာအဝေး ပိုသွားနိုင်တယ်။ ပျံသန်းချိန် ပိုမိုကြာမြင့်တယ် အဲလောက်ပဲ အသိပေးလို့ရမယ်။ ကျန်တဲ့ အကြောင်းအရင်းတွေ အတိအကျကတော့ စမ်းသပ်နေတုန်းမို့ အတိအကျပြောဖို့ခက်တယ်” ဟု Dawn Company ရောင်နီတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit