စစ်သားများ အမိန့်နာခံရန်နှင့် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရမည်ဟု မင်းအောင်လှိုင် ခိုင်းစေမှု တပ်ရင်း၊ တပ်ဖွဲ့တချို့တွင် ထပ်မံ ရှင်းလင်း ညွှန်ကြား

အကြမ်းဖက်စစ်သားများအနေဖြင့် အမိန့်နာခံရန်နှင့် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် စစ်တိုက်ရမည်ဟု မင်းအောင်လှိုင် ခိုင်းစေမှုကို တပ်ရင်း၊တပ် ဖွဲ့တချို့တွင် ထပ်မံ ရှင်းလင်းညွှန်ကြားမှုများ လုပ်ဆောင်လာကြောင်း စစ် တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၆ ရက်နေ့ ရှမ်းပြည်နယ်၊ ကလောတပ်နယ်တွင် အကြမ်းဖက်မင်းအောင် လှိုင်က စစ်သားများအနေဖြင့် တိုက်ပွဲဝင်နိုင်ရန် အသင့်ဖြစ်နေရမည်ဖြစ်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရန် ခိုင်းစေခဲ့ကြောင်း သိရှိရသည်။

“လုံလဝီရိယရှိရှိ စစ်တိုက်ရင် တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတာ အခက် အခဲတွေကို ဝီရိယ ရှိရှိ ကျော်လွှားရင် အောင်ပွဲရမယ်၊ အခက် အခဲတွေ ကျော် လွှား နိုင်မယ်ဆိုပြီး တပ်ရင်းမှူးက အဓိပ္ပာယ်ဖွင့်ပြတယ်။ အဲဒီစိတ်ဓာတ်နဲ့ အား လုံး တိုက်ပွဲဝင်ရမယ်ဆိုပြီး ခေါ်ပြောပါတယ်။ သူ့ဟာသူ ဖားယားပြီး သတင်းစာဖတ် အစည်းအဝေးခေါ်တာလား၊ တိုင်းစစ်ဌာနချုပ်ကပဲ ညွှန်ကြားတာလားတော့ မသိဘူး။ စစ်တိုက်ဖို့ အ ဆင်သင့်ဖြစ်နေရမယ်ဆိုပြီး အမိန့် ပေးနေတာ။ အမိန့် နာခံရမယ်ပေါ့” ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က မတ်လ ၆ ရက်နေ့ ကလောတပ်နယ်ရှိ တပ် ရင်း၊တပ်ဖွဲ့များနှင့် တွေ့ဆုံစဉ် စစ်သားများအနေဖြင့် အချိန်မရွေး တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ သင်ကြားပေးထားသော စစ်ပညာရပ်များကို ထိရောက် အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဓိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ အမိန့်နာခံရမည်ဖြစ်ကြောင်း ပြော ဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က အမိန့်နာခံရန်နှင့် စစ်တပ်အတွင်း စစ်တိုက်ရန် လှုံ့ဆော်လာခြင်းမှာ အမိန့်မနာခံမှုနှင့် စစ်တိုက်ရန် ငြင်းဆန်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း ၊ ထို့ကြောင့် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့် ဖြိုး မောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး တပ်တွင်း ပုန် ကန်မှုဖြင့် အရေးယူခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ် ခွဲမှူး ဗိုလ်မှူး ကြည် သာဖြိုးတို့က KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့် တပ်တွင်း ပုန်ကန်မှု ပြု လုပ်သည်ဟုဆိုကာ အဆိုပါ အရာရှိ ၃ ဦးလုံးကို စစ်တပ်က ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s