စားအုန်းဆီဈေး ၄,၆၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပတွင် ကျပ် ၈,၀၀၀ ဝန်းကျင်အထိ ဈေး တက်နေ

စားအုန်းဆီ တစ်ပိဿာလျှင် ၄,၆၀၀ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထား သည်။
မတ်လ ၆ ရက်မှ မတ်လ ၁၂ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည် ညွှန်းစျေးနှုန်းကို တစ်ပိဿာလျှင် ၄,၆၀၀ ကျပ် သတ် မှတ်ထားကြောင်း အဆိုပါကော်မတီက ကြေညာထားသည်။
သို့သော် ပြင်ပတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
“အပြင်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၈,၅၀၀ ကျပ်၀န်းကျင် ပေးဝယ်နေရတယ်။ ရည်ညွှန်းစျေးထပ် တဆကျော်ပေးဝယ်နေရတာပေါ့”မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
စားအုန်းဆီအပြင် အခြားသော ပဲဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီတို့မှာလည်း ဈေးနှုန်းများမြင့် တက်နေသည်ဟု ဆိုသည်။
“စက်သုံးဆီစျေးကလည်း တက်နေတာရယ်၊ လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် ဆီစက်တွေလည်း လည် ပတ်နေရတာ အဆင်မပြေဘူး။ ဒါကြောင့် စားသုံးဆီစျေးတွေကလည်း တက်နေတာ”ဟု ဆီစက်လုပ်ငန်း ရှင်တစ်ဦးကဆိုသည်။ mizzima