တောင်သာ၊ ချောင်းဆုံကျေးရွာတွင် တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၆ ရက်​နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် အကြမ်းဖက်စစ်သား ၃၅ ဦးခန့်ဖြင့် တပ်စွဲထားနေရာများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက် ခဲ့​ကြောင်း၊ အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်​ရေးတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF ၊ Myingyan Distrct Drone Strike Team အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ သော်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s