ထန်တလန်မြို့တွင် စစ်တပ် Mi 17 ရဟတ်ယာဥ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု ရဟတ်ယာဥ် ထိမှန်ပြီး မီးခိုးတလူလူဖြင့် ပျံပြေး၊ လာပို့သည့် လက်နက်ခဲ ယမ်းများပါ ပေါက်ကွဲပျက်စီး
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ရိက္ခာလာပို့သည့် စစ်ကောင်စီ၏ Mi 17 ရဟတ်ယာဥ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ ရဟတ်ယာဥ် ထိမှန်ပြီး မီးခိုးတလူလူဖြင့် ပျံပြေးသွားကြောင်း၊ လာပို့သည့် လက်နက်ခဲ ယမ်းများပါ ပေါက်ကွဲ ပျက်စီးသွားကြောင်း Chinland Informtion Center က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
မတ်လ ၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် စစ် တပ် ထောက်ပို့ ရဟတ်ယာဥ် Mi 17 သည် ထန်တလန်မြို့ရှိ စစ်တပ် တပ်စခန်းကုန်းသို့ ဆင်းသက်ပြီး ရိက္ခာနှင့် လက်နက် ခဲယမ်းများ လာရောက်ပို့ဆောင်ကြောင်း၊ ထိုရဟတ်ယာဥ်ကို CNA နှင့် CDF-Thantlang တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ရဟတ်ယာဥ် ထိမှန်ပြီး မီးခိုးများဖြင့် ပျံသန်းသွားကြောင်း၊ လာပို့သည့် လက်နက် ခဲယမ်းများလည်း ပေါက်ကွဲ ပျက်စီး ခဲ့ကြောင်း သိရသည်။ khit thit