နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရသူများ စစ်ကောင်စီလက်အောက်ခံဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီး အခွန်ဆောင်ရမည်

နိုင်ငံခြားငွေဖြင့် အခွန်ဆောင်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ကာ အခွန်ဆောင်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားထားသည်။
နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရာတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု (MFTB) စသည့် ဘဏ်များတွင် ဖွင့်လှစ်ကာ အခွန်ပေးသွင်းရမည်ဟု ဆိုသည်။
ထို့ပြင် ပုဂ္ဂလိကဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲများတွင် ငွေစာရင်းဖွင့်လှစ်ထားပါက အခွန်ဆောင်ရမည့် နိုင်ငံခြားငွေအား ကျပ်ငွေအဖြစ် လဲလှယ်ခြင်းမပြုစေဘဲ မြန်မာ့စီးပွားရေးဘဏ် (MEB) ထံသို့ ရရှိသည့် နိုင်ငံခြားငွေအတိုင်း လွှဲပြောင်းပေးရမည်ဟု သိရသည်။
ကျသင့်အခွန်ပေးချေသည့်အခါ နိုင်ငံသားနှင့် ပြည်တွင်းနေထိုင်သည့် နိုင်ငံခြားသားဖြစ်ပါက ဗဟိုဘဏ် ၏ သတ်မှတ်ငွေလဲနှုန်းဖြင့် နိုင်ငံခြား ငွေမှကျပ်ငွေသို့ဖလှယ်ရမည်ဖြစ်ပြီး ပြည်ပနေနိုင်ငံခြားသားဖြစ်ပါ က ရရှိသည့်နိုင်ငံခြားငွေအမျိုးအစားဖြင့် အခွန်ပေးဆောင်ရမည်ဟု သတ် မှတ်ထားသည်။ mizzima