ဖားကန့်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အပါ အဝင် ၈ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝှမ်းရပ်ကွက်ရှိ ရှုထောင့်သစ် လက်ဖက်ရည်ဆိုင် ပိုင်ရှင် အပါအဝင် ၈ ဦးကို မတ်လ ၇ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ဆိုင်ရှင် စိုးနိုင်၊ သူ့ရဲ့ဇနီး၊ သမီးနဲ့ ဆိုင်ဝန်ထမ်းတွေ အပါအဝင် အားလုံး ၈ ယောက် ဖမ်းသွားတာ။ ည ၁၀ နာရီအချိန်လောက်တုန်းက လာဖမ်းသွားတာ။ လာဖမ်းတဲ့အချိန် ရဲမေတွေလည်း ပါတယ်”လို့ ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီက လတ်တလော လုံခြုံရေးတင်းကျပ်နေပြီး စစ်ဆေးမေးမြန်း ဆောင်ရွက်တာ၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ် ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကလည်း စစ်ကိုင်းကနေ ဖားကန့် မှော်စီဆာမှာ လာရောက်တိမ်းရှောင်နေတဲ့ NLD ပါတီဝင်တဦးကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

မတ်လ ၁ ရက်ကလည်း ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှာ ပြည်သူ ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အများစု ပြန်လွတ်လာပေမဲ့ မသင်္ကာမှုနဲ့ တချို့ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ အရပ်သားပြည်သူ ဖမ်းဆီးခံရမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s