မတ္တရာ၊ ကျွဲကျရွာကို မီးရှို့နေသည့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဝင်ရောက် တိုက် ခိုက်မှု စစ်သား ၇ ဦးသေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲကျရွာကို မီးရှို့နေသည့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေ ဆုံးကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို အင်အား ၃၂ ဦးခန့်ရှိသော စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အထိုင်ချ တပ်စွဲခဲ့ကြောင်း၊ မတ်လ ၇ ရက် နေ့ နံနက် ၈ နာရီအချိန် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ PDF တပ်များက လက်နက်ကြီး၊ လက်နက် ငယ်၊ ဒရုန်းများဖြင့် အဆိုပါ စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေ ဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို ဒီတိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက် တော်လှန် ရေး တပ်ဖွဲ့)နှင့် ကောင်းကင်တော်လှန်ရေး အင်အားစု (ပြင်ဦးလွင် ခရိုင် ပ.က.ဖ )၊ ဒေါင်းစစ်သည် (ပြောက်ကျားတပ်ဖွဲ့)၊ ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာ)၊ တိုက်သိန်း(မြေအောက်တော်လှန်ရေးတပ်ဖွဲ)၊ MRF (မဟာတော်လှန်ရေးတပ်ဖွဲ့)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။khit thit