မောင်တောခရိုင်၌ ၁၀ တန်းစာမေးပွဲကို ကျောင်းသား ကျောင်းသူ ၂၅၀၀ ကျော် ဖြေဆို

တက္ကသိုလ်ဝင်စာမေးပွဲတွေကို နိုင်ငံတဝန်းမှာ မတ်လ ၆ ရက် ဒီကနေ့မနက်စတင်ကျင်းပနေရာမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာတော့ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၇ ခု ကျောင်းသား ကျောင်းသူပေါင်း ၂၅၀၃ ဦး ဖြေဆိုသွားမယ်လို့ မောင်တောခရိုင် ပညာရေးဌာနကနေ သိရပါတယ်။

မောင်တောမြို့နယ်အတွင်းမှာတော့ စာစစ်ဌာန ၃ ခု ဖွင့်လှစ်စစ်ဆေးသွားမှာဖြစ်ပြီး  အ.ထ.က (၁)၊ အ.ထ.က (၂) နဲ့ တောင်ပြိုစာစစ်ဌာန ၃ ခုလုံးမှာ ဖြေဆိုမယ့် ကျောင်းသူ/ကျောင်းသား ၁၁၂၅ ဦး ရှိတယ်လို့  မောင်တောမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ စာစစ်ဌာန  ၄ ခု ကျောင်းသား/ကျောင်းသူ ၁၃၇၈ ဦး အထိဖြေဆိုသွားဖို့ရှိတယ်လို့  ဘူးသီးတောင်ပညာရေးမှူးရုံး တာဝန်ရှိသူတွေကဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် အထက(၁)မှာ ကျောင်းသား ကျောင်းသူ  ၅၆၆ ဦး၊ အထက (၂) မှာ ၄၉၂ ဦး၊ ထခွဲ(၂)မှာ ၁၃၆ ဦး၊ ထခွဲ(၃)မှာ ၁၈၄ ဦး  စုစုပေါင်း ၁၃၇၈ ဦးဖြေဆိုဖို့ လျှောက်လွှာတင်ထားတယ်လို့ သိရပါတယ်။

အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတ်လ ၈ ရက် ဒီကနေ့ စတင်ကျင်းပနေတာဖြစ်ပြီး ကျောင်း သားအများစုကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ဝင်ရောက်ဖြေဆိုတာမရှိပါဘူး။  

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲဟာ တရားမဝင်သလို အသိအမှတ်မပြုဘူးလို့လည်း ကြေညာထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s