ရန်ကုန် အနုပညာတက္ကသိုလ်မှ ကျောင်းသင်္ကြန် ဝေဖန်သူများကို ဟန်ငြိမ်းဦးတယ်လီဂရမ်သို့ ပေးပို့တိုင်ကြားမှုပြုလုပ်

ရန်ကုန်တိုင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပြုလုပ်သော ကျောင်းသင်္ကြန်နှင့်ပတ်သက်၍ ဝေဖန်မှုပြုလုပ်သူများကို လက်ရှိတွင် ကျောင်းတက်ရောက်နေကြသည့် Non CDM ကျောင်းသားကျောင်းသူများမှ ဟန်ငြိမ်းဦးတယ်လီဂရမ်သို့ ပေးပို့တိုင်ကြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသင်္ကြန်နှင့်ပတ်သက်၍ ဝေဖန်မှုပြုလုပ်ခဲ့သူတစ်ဦးကိုလည်း ဟန်ငြိမ်းဦးတယ်လီဂရမ်တွင် ၎င်း၏ဖေ့ဘွတ်စ်အကောင့်နှင့် ဓာတ်ပုံများ ဖော်ပြထားပြီး NUG PDF အကြမ်းဖက်အားပေးသူမို့ လိပ်စာပေးပို့ရန် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ယခုလို ဟန်ငြိမ်းဦး တယ်လီဂရမ်သို့ CDM ကျောင်းသားများ၏ အချက်အလက်များမရောက်ရှိသေးချိန်တွင် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် သဘင်နောက်ဆုံးနှစ်တက်ရောက်နေသူတစ်ဦးဖြစ်သည့် ယဉ်မင်းဖြူမှလဲ ၎င်း၏ ပိုစ့်များတွင် မှတ်ချက်များရေးသားမည့်အစား အိမ်လိပ်စာများ ရေးသားရန်နှင့် ဘောမရတဲ့ပွဲရောက်ရင် ငါတို့နဲ့ မဆုံစေနဲ့ သဘင်က CDM လုပ်တဲ့သူတွေ ကိုယ့်အ ကြောင်းကိုယ်သိ ဆိုသည့်စာသားများနှင့် ကျောင်းတက်ရောက်သူနည်းသည့်အတွက် ကျောင်းပိုမို သန့်သွားသည့်ဆိုသည့် စာသားများကိုလည်း ၎င်း၏လူမှုကွန်ရက် Yin Min Phyu ဖေ့ဘွတ်စ်အကောင့် တွင် မှတ်ချက်ရေးသားမှုများကိုလည်း ပြုလုပ်ခဲ့ပြီး တခြား NOn CDM ကျောင်း သားများသည်လည်း CDM များကို လှောင်ပြောင်သည့် စာသားရေးကို ပြန်လည် မှတ်ချက်ပြုရေးသားထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ CDM ပြုလုပ်ထားသူကျောင်းသူတစ်ဦးက” ငါတို့က မိဘကိုမလွန်ဆန်နိုင်လို့ ကျောင်းတက်နေတယ်ဆိုလဲ တက်လိုက်ပါ ရတယ်။ ဒါပေမယ့် နည်းနည်းလေး အရှက်ရှိစေချင်တယ်။ ငါတို့မှန်တယ်ဆိုတဲ့ ပုံစံနဲ့တော့ မနေပြပါနဲ့။ ညီမသာ သူတို့လို မိဘကြောင့် ကျောင်းတက်နေရတယ်ဆိုရင် သူတို့လို ထောင်မနေဘူး ‌။ ခေါင်းငုံပြီးပဲ နေရမယ့်ကိစ္စလေ။ လူအများ က မှားပါတယ်လို့ ထောက်ပြနေတဲ့ကိစ္စကို သူတို့က ငါတို့မှန်တယ်ဆိုပြီး ဇွတ်နေနေကြတာ။ အဲ့ဒါတွေကို ဆွဲလဲမခေါ်ချင်ဘူး ဘယ်သောအခါမှလည်း ကိုယ်နဲ့ပြန်ပြီး တတန်းထဲ တန်းမညှိနိုင်တော့ဘူး ” ဟု ၎င်း၏အမြင်ကို ပြောသည်။

လက်ရှိတွင် အကြမ်းမဖက် အာဏာဖီဆန်မှု ‌CDM ပြုလုပ်နေဆဲ ကျောင်းသားကျောင်းသူများသည် Non CDM ကျောင်းသားကျောင်းသူများ ၏ လှောင်ပြောင်မှုများ ၊ ဆဲဆိုမှုများအပြင် စစ်ကောင်စီ၏ သတင်းပေးတစ်ဦးဖြစ်သူဟန်ငြိမ်းဦးထံသို့ ပေးပို့တိုင်ကြားမှုနှင့် ခြိမ်း‌ခြောက်မှုများကိုလည်း အများစုမှာ ရင်ဆိုင်တွေ့ကြုံနေရသည်ဟု သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s