အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ပါလီမန် အမတ်များ ဆိုင်ရာ ဆွေး နွေးပွဲသို့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် CRPH အဖွဲ့ဝင်များ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ပါလီမန် အမတ်များ ဆိုင်ရာ ဆွေး နွေးပွဲသို့ ဖိတ်ကြားချက်အရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် CRPH အဖွဲ့ဝင်များ တက်ရောက်ကြောင်း NUG ၏ သတင်းဌာန PVTV က သတင်းထုတ် ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် CRPH အဖွဲ့ဝင် များသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum သို့ တက်ရောက်ခဲ့ကြောင်း၊ ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို မတ်လ ၃ ရက်နေ့မှ မတ်လ ၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများ ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များက နွေဦး တော်လှန်ရေးတွင် CRPH၊ NUG နှင့် NUCC တို့၏ အခန်းကဏ္ဍနှင့် စိန်ခေါ်မှုများ ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် အကြမ်း ဖက်ခံရမှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း၊ APHR အဖွဲ့ ဝင်များက စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲကို လုံးဝ ဆန့် ကျင် ကန့်ကွက်ကြောင်း၊ လတ်တလော စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာတွင် စစ်တပ် ကျူးလွန်သော မုဒိန်းကျင့် သတ်ဖြတ်မှုများကို ရှုတ်ချကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သည့် နေရာများသို့ ထိထိရောက်ရောက် ပို့ဆောင်နိုင်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s