အလှူလုပ်၍ PDF များက အလှူရှင်ကို သတ်သွားကြောင်း သတင်းမှားဖြန့်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အနောက်အရိုးတောင်ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် အလှူလုပ်၍ဟုဆိုကာ PDF များက အလှူရှင်ကိုသတ်သွားကြောင်း သတင်းများပျံ့နှံ့နေသည်။ ထိုအဆို မှာ မှားယွင်းနေသည်။

ဖတ်ရှုရန်စာရင်းပေးထားသူ ၁၀,၀၀၀ ကျော်ရှိ “Ba Nyunt” တယ်လီဂရမ်ချန်နယ်မှ “အလှူပွဲတွေပါ ဒုက္ခပေးလာသည့် ခွေးပဒပ်များ” ဟုဆိုကာ တွံတေးမြို့နယ်၊ အနောက်တောင်ကျေးရွာအုပ်စု၊ ပေါက်ကုန်း ကျေးရွာတွင် အလှူလုပ်သဖြင့် PDF များက အလှုရှင်များကိုသတ်သွားကြောင်း သတင်းမှားဖြန့်ဝေထား သည်။ အဆိုပါအကြောင်းအရာကို “ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်မှလည်းဖြန့်ဝေခဲ့ပြီး ဖတ်ရှုသူ ၃၀,၀၀၀ ကျော်အထိရှိခဲ့သည်။

မဇ္ဈိမအနေဖြင့် အချက်အလက်စစ်ဆေးခဲ့ပြီး အလှူပွဲတွင်လူများသေဆုံးနေသည့်ပုံမှာ “ခေတ်သစ်” မီဒီယာမှတင်ထားသည့်ပုံများဖြစ်သည်။ ခေတ်သစ်မီဒီယာ၏ သတင်းဖော်ပြမှုတွင် ပေါက်ကုန်းကျေးရွာ အလှူအိမ်ကိုလာရောက်သည့် စစ်ကောင်စီခန့် အနောက်အရိုးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးစိုးလွင် (ခေါ်)ကျားကြီးနှင့် ပျူခေါင်းဆောင်သန်းလွင်တို့ကို Delta Revolutionary Force မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။ သတင်းလင်ခ့် – https://bit.ly/3L1PrKQ

ပျံ့နှံ့နေသည့်ပုံများတွင်လည်း အလှူမုခ်ဦးဆိုင်းဘုတ်တွင် ရေးထိုးထားသည့် အလှူရှင်၏အမည်မှာ “ဦးသန်းစိန်”ဟု ရေးသားထားပြီး သေဆုံးသူများ၏အမည်များ မပါဝင်ပေ။

အလားတူ Eleven Media Group ၏ သတင်းဖော်ပြချက်တွင်လည်း “တွံတေးမြို့နယ်၊ ပေါက်ကုန်းရွာမှ ဦးမျိုးဇော်ဆိုသူ၏နေအိမ်ရှေ့တွင် အနောက်တောင်ရိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရာအိမ်မှူး ဦးသန်းလွင်တို့အား မတ်လ ၄ ရက် မနက် ၂ နာရီတွင် လမ်းလျောက်လာသူ အမျိုးသားနှစ်ဦးမှ သေနတ် ဖြင့် ပစ်သတ်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်” ဟု ပါရှိသည်။ http://bit.ly/3SVZhjw

ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် အလှူလုပ်ခြင်းကြောင့် PDF များက အလှူရှင်ကို သတ်သွားသည်ဆို သည်မှာ ဖြစ်စဉ်မှန်ကို လိုသလို ပြောင်းလဲရေးသားထားသည့် သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s