Monthly Archives: Mar 2023

မုံရွာမြို့ လ.ဝ.က ရုံးဟောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လ.ဝ.ကရုံးဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ထုတ်ပြန်သည်။

အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် လ.ဝ.က ရုံးအတွင်း တပ်စွဲထားသောစစ်ကောင်စီတပ်များကို အထူးစုံစမ်း စစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းအ တည်ပြုချက်အရ မတ်လ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီး၊ ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ခွေး (စစ်ကောင်စီတပ်သား)တွေသေတာ ဒီထက်မကလောက်ဘူး။ ကျနော်တို့ စခန်းအပြတ်သိမ်းနိုင် တော့မယ်၊ ခွေး (စစ်ကောင်စီတပ် သား) ကသိပ်မကျန်တော့ဘူး။ အဲဒီအချိန် တပ်ကူရောက်လာတာနဲ့ ပြန် ဆုတ်ခဲ့ရတာ” ဟု CAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်မှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်အတွင်း စခန်းသိမ်းနိုင်လုအခြေအ နေသို့ရောက်ခဲ့ကြောင်း ၎င်းကထပ်လောင်း အတည်ပြုသည်။ က.ည.န ရုံးနှင့် ရေဦးဆန်ဆိုင်အနီးတွင်ရှိသော စစ်ကောင်စီတပ်သားများမှ တပ်ကူရောက်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာလာခဲ့ခြင်းဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း(၄)အထူးကွန်မန်ဒို (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ (၃) (Monywa Nightking PDF) ၊ မုံရွာခရိုင် တပ်ရင်း(၄) တပ်ခွဲ(၄) (5/Teachers People Defence Force PDF) ၊ မုံရွာခရိုင် တပ်ရင်း(၇) (Lightning People Defence Force )၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) (ဓါး မဆိုင်းတပ်မတော်) ၊ မုံရွာခရိုင်တပ်ရင်း (၁၁) (PDF – South Monywa )၊ Spring Dove နှင့် ယက္ခညီနောင် တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနှစ်ဦးကိုပစ်သတ်ခဲ့ ကြောင်းကြားသိရသဖြင့် များစွာဝမ်းနည်းရကြောင်း CAF က ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူနှစ်ဦးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အသေး စိတ်မသိရသေးကြောင်း ဆိုသည်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ (၃)၊ (၄) ၏ တပ်ရင်း တပ်ခွဲများသည် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လက်နက်ခဲယမ်းများ အရေးပေါ် လိုအပ်နေကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားသည်။mizzima

KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်း မဟုတ်မှန်ဘဲ စစ်ကောင်စီ လက်အောက်ခံ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ် ချုပ် ဖားနွီး ၏ သား လိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်းဖြစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်းမှာ မှန်ကန်မှု မရှိသော သတင်းအမှားသာ ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြော ဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲ၊ ကစို ကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြား စောင့်တပ်ဖွဲ့ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီး၏ သားလိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း KNU သတင်းရင်း မြစ်က ပြောသည်။

“မိုင်းဆွဲခံရတာက KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ် ကားဆိုတာမဟုတ်ပါဘူး။ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီးရဲ့သား ကားတန်း မိုင်းဆွဲခံရတာပါ။ KNU ဥက္ကဋ္ဌ နဲ့စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရတယ်ဆိုတာ သတင်းအမှား။ ဘာကြောင့် ဒီလို သတင်းမျိုးကို အတည်ပြုချက်မရှိဘဲ ထုတ်ပြန်လဲတော့ နားလည်ရခက်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

နို့နှင့် နို့ထွက်ပစ္စည်း ပြည်ပမှ တင်သွင်းနေရသဖြင့် နို့စားနွားမွေးကြရန် စစ်ခေါင်းဆောင်တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြည်ပကနေ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နှစ်စဉ် တင်သွင်းနေရတာကြောင့် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ပြည်တွင်းမှာ စနစ် တကျနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက နိုင်ငံခြားငွေသုံးစွဲရမှု လျော့ကျလာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တောင်ကြီးမြို့မှာ မတ်လ ၇ ရက်က ရှမ်းပြည်နယ်ရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့စဉ် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ရှမ်းပြည်နယ်ဟာ နွားမွေးမြူရေး၊ ဝက်နဲ့ ကြက်မွေးမြူရေး လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အခြေခံကောင်းတွေရှိတဲ့ ဒေ သဖြစ်တာကြောင့် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ရှမ်းပြည်နယ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မယ် ဆိုပါက နို့ထွက်ပစ္စည်း အများဆုံး ထုတ်လုပ်နိုင်တဲ့ ပြည်နယ်ဖြစ်လာပြီး နိုင်ငံအတွက်များစွာ အထောက်အကူပြုစေမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မွေးမြူရေးလုပ်ငန်းဟာ စစ်ခေါင်းဆောင် ပြောသလို အပြောလွယ်တဲ့ လုပ်ငန်း မဟုတ်ဘူးလို့ မွေးမြူရေးပညာရှင်တချို့က မှတ်ချက်ပေးပါတယ်။

“မွေးမြူရေး လုပ်တယ်ဆိုတာ လွယ်လွယ်လုပ်လို့ ရတဲ့ လုပ်ငန်း မဟုတ်ဘူး။ အရင်ဆုံးက ဒေသနဲ့ကိုက်ညီမှု ရှိ၊ မရှိ စူးစမ်းရတယ်။ ဒါကြောင့် သုတေသနလုပ်ငန်းတွေ လုပ်ရတယ်။ ပြီးရင် မွေးမြူထားတဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဇီဝလုံခြုံမှု ထိန်းချုပ်ရေးနဲ့ ပုံမှန် ကာကွယ်ဆေးထိုးရတဲ့ လုပ်ငန်းတွေကလည်း ရှိသေးတယ်။ တခါ ထုတ်လုပ်မှု အပိုင်းမှာဆိုရင်လည်း ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းက ဘေး အန္တရာယ် ကင်းရှင်းပြီး ဘေးကင်းလုံခြုံတဲ့ အစားအစာတွေ ဖြစ်ဖို့ လိုအပ်တယ်။ ဆိုတော့ ဒီအဆင့်တွေကို ဖြတ်သန်းရမယ်။ ဒါတွေကို အမြဲမမပြတ် လုပ်နိုင်မှသာ ပြည်ပက တင်သွင်းနေရတဲ့ သွင်းကုန် နေရာမှာ အစားထိုးနိုင်မှာပေါ့ဗျာ။ အဲ့တော့ သူပြောသလို ပါးစပ်နဲ့ ပြောတာက တော့ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် လွယ်တာပေါ့ဗျာ။ မဟုတ်ဘူးလား” လို့ ပြောပါတယ်။

ဒါ့အပြင် ယခင် အစိုးရ လက်ထက်တွေမှာ နိုင်ငံခြားကုန်သွယ်မှု လိုငွေတွေ ဖြစ်ပေါ်ခဲ့ ရတာက ပြည်တွင်း ထုတ်ကုန်တွေအပေါ် အားပေးမှု မရှိတာနဲ့ ပြည်ပ သွင်းကုန်တွေကို ပိုမို ဆောင်ရွက်ခဲ့တာကြောင့်တယ်လို့  စစ်ခေါင်းဆောင်က ဝေဖန်ပြောပါတယ်။

သုတေသီတဦးက “စစ်ကောင်စီ အနေဖြင့် သူ သွားဖို့လုပ်နေတဲ့ မူဝါဒက သွင်းကုန်အစားထိုး မူဝါဒ ပေါ့နော်။ ဆိုတော့ သွင်းကုန် အစားထိုး မူဝါဒကို ကျင့်သုံးနိုင်လောက်တဲ့ အခြေအနေတွေ မြန်မာပြည်မှာ ရှိနေပြီလား၊ စဉ်းစားဖို့ လိုပါတယ်။ မရှိပဲနဲ့ လုပ်ရင် ဘာဖြစ်လဲ ဆိုတော့ အ တိတ်က ရှိခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ရင် သိနိုင်ပါတယ်နော်။ ဒီတော့ မဆလ ခေတ်မှာလည်း သွင်းကုန် အစားထိုး မူဝါဒကို ကျင့်သုံးခဲ့တာပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ တိုင်းပြည် စီးပွားရေးကသာ ဆုတ်ယုတ်ခဲ့ရတယ်။ အခုလည်း ဒီစနစ်အတိုင်း ကျင့်သုံးမယ် ဆိုတော့ မြန်မာပြည်စီးပွားရေးက စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်တုန်းကများ ကောင်းခဲ့တာ ရှိခဲ့လဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကြောင့် ပြည်ပကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် တန်ဖိုးရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေဆီက အဓိက တင်သွင်းတာ ဖြစ်ပါတယ်။ DVB

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန် သွယ်မှုပမာဏ ဒေါ်လာ ၅ ဘီလီယံနီးပါး ရရှိထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် မြဝတီနယ်စပ်ဂိတ်မှကုန်သွယ်မှုအများဆုံးပြုလုပ်ထားကာ ပြီးခဲ့သည့် နှစ်နှင့် နှိင်းယှဉ်ပါက ဒေါ်လာ ၅၄၅ ဒသမ ၈၂ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လက်ရှိမှာက ကျပ်ငွေတန်ဖိုးမြင့်တက်နေပြီးတော့ ထိုင်းဘတ်စျေးကျနေတဲ့အတွက် သွင်းကုန်တွေ တင် သွင်းတဲ့သူတွေလည်းများတယ်။ နယ် စပ်ဂိတ်အချို့လည်း ပြန်ဖွင့်နေပြီဆိုတော့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုပမာဏ ပိုများလာတဲ့သဘောပါ” ဟု မဇ္ဈိမ၏ စီးပွားရေးလုပ် ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာအတွင်း တရုတ်-မြန်မာကုန်သွယ်ရေးမှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၂,၀၀၀ ကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးထက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးက မြင့် တက်နေကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည်။

ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံးကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန် ပစ္စည်း၊ စက် နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် စသည်တို့ကို အများ ဆုံး တင်သွင်းနေသည်။ mizzima

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ သ ဘာ၀ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရပြီး မီး လောင်မှုဖြစ်

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဘု ရား ငုတ်တို ကွင်း အနီးရှိ စစ်ကောင်စီ၏ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ဘီးလင်းမြို့နယ်အတွင်းရှိ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းဖြစ်ပြီး မိုင်းခွဲပြီးနောက် မီး တောက်များဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများအားလုံး မီး တောက်များ မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

” ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုရှိ ဘုရားငုတ်တို ကွင်းနားမှာရှိတဲ့ ဓါတ်ငွေ့ပိုက်လိုင်း မိုင်းခွဲဖျက်စီးခံရ၍မီးများလောင်နေခဲ့ပါတယ်။ ဒီမနက် ၄ နာ ရီ အချိန်ဖြစ်တာပါ။ လူထိခိုက်မှုမရှိပါဘူး။ လယ်ကွင်းများမှ စပါးခင်းများပျက် စီးမှု ရှိပါတယ်။ ထိုင်းနိုင်ငံကိုပို့တဲ့ဓါတ် ငွေ့ပိုက်လိုင်းလည်းဖြစ်တယ်။ အခုဖြစ် ပွားတဲ့အခင်းဖြစ်နေရာက ရှမ်းရှောင်းကျေးရွာ၊ တောင် စွန်းရဲစခန်းနဲ့နီးပါတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ နံနက်ပိင်း ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ အနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်ကြောင့် လှော်ကားသ ဘာဝဓာတ်ငွေ့သုံးဓာတ် အား ပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကြောင်း သ တင်းထုတ်ပြန်ထားသည်။khit thit

မုံရွာလ.ဝ.ကရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ယင်းမာပင်တွင် စစ်တပ်လက်ချက်ဖြင့် ထန်းတက်သမား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်ဇောက် လ.ဝ.က ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က မတ် ၈ ရက် မနက် ၉ နာ ရီ ၅၀ မိနစ်လောက်မှာ အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မုံရွာ PDF တပ်ဖွဲ့က ပြောပါတယ်။

မုံရွာခရိုင် တပ်ရင်း-၇ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ သတင်းအတည်ပြုချက်အရ လ.ဝ.ကရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တည်နေရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဆောက်အအုံ ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာရတာ တော်တော်များတယ်လို့ လည်းဆိုပါတယ်။

Monywa Lightning PDF မှ တာဝန်ခံတဦးက “အဲဒီ လ.ဝ.က ရုံးမှာ စကစတပ်က အင်အား ၄၀၊ ၅၀ လောက် ရှိပါတယ်။ အဲမှာ ၁၅ ယောက် သေတာကိုတော့ သေချာအတည်ပြုနိုင်တယ်။ ကျနော်တို့ဘက်က အသေးအမွှားလေးတော့ ထိခိုက်ခဲ့တာပေါ့ဗျာ။ စကစတွေက ပြည်သူ ၂ ယောက်ကို ပစ်သတ်သွားတယ် ကြားရလို့ အထူးဝမ်းနည်းမိတယ်။ ကျနော်တို့ ပြန်ဆုတ်အပြီးမှာ (–) တွေက အပြင်ကို ထွက်လာပြီးတော့ တွေ့တဲ့ပြည်သူနှစ်ဦးကို သတ်သွားတာပါဗျ” လို့  ပြောပါတယ်။

အခုမစ်ရှင်ကို မုံရွာခရိုင် တပ်ရင်း-၇နဲ့အတူ မော်လိုက်ခရိုင် တပ်ရင်း-၂၊ မုံရွာခရိုင် လှုပ်ရှားတပ်ရင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၃၊ Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၄၊ 5/Teachers PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော်၊ မုံရွာခရိုင် တပ်ရင်း-၁၁ PDF – South Monywa၊ Spring Dove နဲ့ ယက္ခညီနောင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Monywa Lightning PDF က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာတော့ နဘူးတောရွာက ထန်းတက်သမား တယောက်ကို ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မတ် ၈ ရက် ညနေ ၃ နာရီမှာ သတ်ဖြတ်ခဲ့တယ်လို့ နဘူးတောရွာ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထန်းတက်ရာကနေဆင်းလာတဲ့ အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်းကို သတ်ဖြတ်ပြီး အနီးအနားက ထန်းတက်သ မားတွေရဲ့ တောတဲက ဆန်၊ ဆီနဲ့ သူတို့ လိုချင်တဲ့ပစ္စည်းတွေ ယူဆောင်ပြီ ဘန့်ဘွေးရွာထဲ ပြန်ဝင်သွားဝယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဘူးတောရွာသားတဦးက “ကိုဇော်မင်းကို ညာဘက် ရင်အုံတစ်ချက်၊ ညာဘက်လက်မောင်း တချက် ပစ်သတ်သွားကြတယ်။ ဘယ် PDF မှ မဟုတ်ပါဘူးဗျာ။ ထန်းတက်ပြီး ထန်းလျက်ချက် စားသောက်နေတဲ့ ထန်းတက်သမားတစ်ဦးပါ။ သူတို့ အခုလို သတ်လို့ ၁၀ နှစ်အရွယ် က လေးတစ်ယောက်၊ ၇ နှစ်အရွယ် ကလေးတစ်ယောက်၊ ၂ လသားအရွယ် ကလေးတစ်ယောက်နဲ့ သူ့မိန်းမ သွေးနုသားနု ကျန်ခဲ့ရတယ်။ ရင်နာစရာကောင်းတာက သူတို့ရဲ့ဆိုင်ကယ်တွေ၊ ဖုန်းတွေပါ ယူသွားကြတယ်။ နောက်ထပ် အသက် ၅၀ ကျော်လောက်ရှိတဲ့ ထန်းသမားတစ်ဦးကလည်း သူတို့လာပြီဆိုတော့ ထန်းပင်ပေါ်ကနေ ခုန်ချရာကနေ သေဆုံးရတာလည်း ရှိတယ်။ သေဆုံသူက ၂ ဦးပေါ့ဗျာ”လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဘန့်ဘွေးရွာမမှာ တပ်စွဲထားပြီး အနီးအနား ကျေးရွာတွေက ပြည်သူတွေကို သတ်ဖြတ်ပြီး ပစ္စည်းလုတာတွေ အကြိမ်ကြိမ် ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

နဘူးတောရွာဟာ အိမ်ခြေ ၆၀၀ နီးပါခန့်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်သလို စစ်ကောင်စီ တပ်စွဲထားတဲ့ ဘန့်ဘွေးရွာမရဲ့ အရှေ့ဘက် အနီးဆုံးမှာရှိတဲ့ ရွာတစ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

နဘူးတောရွာမှာ စစ်ကောင်စီက အခုလို ရွာသားတွေကို အကြောင်းမဲ့ သတ်ဖြတ်တာဟာ အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ ပြည်သူ ၈ ဦးကျော်အထိ ရှိနေပြီး ရွာနဲ့ ထန်းသမား တောတဲတွေကိုလည်း မီးရှို့တာတွေ လုပ်ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဖြူကျေးရွာမှ တာပလပ်ကျေး ရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် KTLA- tcjf Tanintharyi တို့က ကြားဖြတ်တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

တနင်္သာရီမြို့နယ် ရေဖြူနှင့် တာပလပ်အကြားရှိ မိုင်တိုင် အမှတ်(၆၆) အနီးတွင် စစ်ကောင်စီ ခြေလျင်စစ် ကြောင်းအား တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက တစ်နာရီဝန်းကျင်လောက်ကြာ တယ်။ ကျွန်တော်တို့မှာအားနည်းချက်တွေရှိတာပေါ့ အဓိကတော့ ကျည်မလုံလောက်တာရယ်၊ လက်နက် ကလည်း လက်လုပ်တွေနဲ့တိုက်ရတယ်ဆိုတော့ ခက်ခဲတာပေါ့။ ဒါပေမယ့် အထိခိုက်အကျဆုံးမရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြောသည်။

တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တနင်္သာရီမြို့နယ်အခြေစိုက် ကမ္မလိုင်းတပ် ခမရ(၅၅၈) ဖြစ် ကြောင်း သိရသည်။ mizzima

မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးကြောင်း Area 71 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကြေးပြားများ တင်ဆောင်လာသည့် ၆ ဘီးကား ၂ စီးကို Area 71 အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်မောင်း ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” နမခ စစ်ခွေးခြံထဲက ထွက်လာသော ကြေးပြားတွေ သယ်ဆောင်လာတဲ့ ၆ ဘီးကားတွေကို ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ ကြေးပြား သယ်ဆောင်လာတ​ဲ့ ကားအစီးရေ ၁၉ စီးရှိတယ်လို့ သိရတယ်။ ကားတွေက အသုတ်တွေ ခွဲပြီး ထွက်လာတာ ၆ စီး တစ်ခါ ၄ စီး တစ်ခါ ၂ စီး တစ်ခါ ခွဲထွက်လာတာ အဲထဲမှာမှ ၂ စီးတွဲ ကားတန်းရဲ့ ဒုတိယမြှောက် ကားကို ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့ပါတယ်။ ကားက ထိုးရပ်သွားပြီး ကားမောင်းလာသူ မိုင်းထိ သေဆုံးသွားတယ်” ဟု Area 71 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ် ကင်းပုန်းများက ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

« Older Entries