စစ်ကောင်စီ ဝန်ကြီးဌာနနှင့် လုပ်ငန်း ၂ ခုကို အမေရိကန် ကုန်သွယ်မှုကန့်သတ်

စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပါအဝင် ကုမ္ပဏီ ၂ ခုကို နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်ကုန်သွယ်ရေးဌာန စက်မှုနှင့်လုံခြုံရေးဗျူရို (BIS)က မတ်လ ၂ ရက်တွင် ကုန်သွယ်ရေးအမည်ပျက်စာရင်း သွင်းလိုက်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပါအဝင် Fisca Security and Communication Co.Ltd နှင့် Naung Yoe Technologies Co. Ltd. တို့ကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။ ယင်းတို့နှင့်အတူ ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ ဘီလာရုစ်နှင့် ထိုင်ဝမ်တို့မှ အဖွဲ့အစည်း ၃၇ ခုကိုလည်း အမေရိကန်က အမည်ပျက်စာရင်းသွင်းထားသည်။

မြန်မာစစ်တပ်သည် လူတစ်ဦးချင်းစီကို စောင့်ကြည့်ခြင်း၊ ထောင်ချခြင်းတို့အပါအဝင် လူကုန်ကူးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက် လက်ကျူးလွန်နေသည်ဟု BIS ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဤကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများကို ခွင့်မပြုနိုင်ဟုလည်း ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Matthew S. Axelrod က ထုတ်ပြန်ချက်တွင် ထည့်ပြောထားသည်။

ယခု ကုန်သွယ်ရေးအမည်ပျက်စာရင်း အသွင်းခံရသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည် ပို့ကုန်၊ သွင်းကုန်များ တင်ပို့ရာတွင် အမေရိကန် ပို့ကုန်စီမံခန့်ခွဲရေး စည်းမျဉ်းများနှင့်အညီ ပစ္စည်းများ လွှဲပြောင်းရာတွင် ကန့်သတ်ခံရမည်ဖြစ်သည်။

စစ်အစိုးရ၏ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ စစ်ဘက်ဆိုင်ရာ လုပ်ငန်းစုနှစ်ခုဖြစ်သော မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကိုလည်း BIS က ၂၀၂၁ ခုနှစ် မတ်လတွင် အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s