တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဖြူကျေးရွာမှ တာပလပ်ကျေး ရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် KTLA- tcjf Tanintharyi တို့က ကြားဖြတ်တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

တနင်္သာရီမြို့နယ် ရေဖြူနှင့် တာပလပ်အကြားရှိ မိုင်တိုင် အမှတ်(၆၆) အနီးတွင် စစ်ကောင်စီ ခြေလျင်စစ် ကြောင်းအား တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက တစ်နာရီဝန်းကျင်လောက်ကြာ တယ်။ ကျွန်တော်တို့မှာအားနည်းချက်တွေရှိတာပေါ့ အဓိကတော့ ကျည်မလုံလောက်တာရယ်၊ လက်နက် ကလည်း လက်လုပ်တွေနဲ့တိုက်ရတယ်ဆိုတော့ ခက်ခဲတာပေါ့။ ဒါပေမယ့် အထိခိုက်အကျဆုံးမရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြောသည်။

တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တနင်္သာရီမြို့နယ်အခြေစိုက် ကမ္မလိုင်းတပ် ခမရ(၅၅၈) ဖြစ် ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s