တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁၁ ကပစ လက် နက်စက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပစ်ခတ်တိုက်ခိုက်၊ စက်ရုံ ပျက်စီးမှုရှိပြီး စစ်တပ်က ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် အမှတ် ၁၁ ကပစ (ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေး စက်ရုံ) လက်နက်စက်ရုံကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ယနေ့ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည် သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ်လ ၈ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ က Mission Impossible 2 မစ်ရှင်အဖြစ် အမှတ် ၁၁ ကပစ စက်ရုံကို တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံ ထိခိုက်ပျက်စီးမှု ရှိကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“သေသေချာချာ အချိန်ယူ ပြင်ဆင်ပြီးမှ လုပ်ခဲ့တဲ့အလုပ်ဖြစ်တဲ့အတွက် အောင် မြင်မှုကလည်းတွက်ထားသလိုရခဲ့ပါတယ်။အဓိက ကတော့ ကပစ မှ တာဝန်ကျ စစ်သည်တွေကိုအသိပေးချင်တာက ပြည်သူကိုကာကွယ်ရမယ့်အစားသတ် ဖြတ်နေသော ကိုယ်ဆိုနေတဲ့ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်နေတဲ့ အာဏာရှင်နဲ့ ဆက်လက်မနေဘဲ ပြည်သူဘက်ကနေရပ်တည်ကြပါလို့ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက တိုက်တွန်းသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ပြည်လမ်းနှင့် တိုက်ကြီးမြို့နယ်အတွင်းကို ပိတ် ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။
ရန်ကုန်ကင်းထောက်အဖွဲ့များ၏ သတင်းဖော်ပြချက်အရ တိုက်ကြီးမြို့နယ် ကပစ ဝင်းအတွင်းတွင် ပေါက်ကွဲမှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန် ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာ က MISSION IMPOSSIBLE 1 (MI1) mission အဖြစ် ရန်ကုန် တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စရတ(ထောက်လှမ်းရေးတပ်) ကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ khit thit