ပလက်ဝနှင့် ရေစကြိုတို့တွင် တိုက်ပွဲများ ဖြစ်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာအကြားတွင် စစ်ကြောင်းနှင့် CDF ပလက်၀ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း CDF ပလက်၀က သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ ၈ ရက် နေ့ လိုင်းလန်းပီမြို့မှ မတူပီမြို့နယ်၊ ထေဘွေ့စခန်းသို့ အင် အားဖြည့်တင်း ရန် လာရောက်သည့် စစ်တပ် စစ်ကြောင်းကို CDF ပလက် ၀က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိတိုက်ပွဲ ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ CDF ပလက်၀ တပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော

စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ချောင်း မြောင်း တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်း မြိုင်မြို့နယ်၊ ကန်နီ(ပျူ)ရွာမှ စစ်သားနှင့် ပျူစော ထီး အင်အား ၄၀ ခန့်သည် လမ်းကြောင်းတလျှောက်တွေ့ရှိသော ပြည်သူများကို ဓားစာခံဖမ်းဆီးခဲ့ပြီး ရေစကြိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အနီး ကပ်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့လုပ် ဆောင်ခဲ့ရာ စစ်သား၊ ပျူစောထီးအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“လမ်းမှာတွေ့တဲ့သူတွေကို ဓားစာခံဖမ်းဆီးဝင်လာတာ၊ မိန်းကလေးရော၊ ယော က်ျားလေးတွေရောပဲ၊ ၁၀ ယောက်ကျော်လောက်ရှိတယ်၊ Drop Bomb ဗုံး ချနဲ့ ပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ စစ်ကြောင်း ထွက်သွားပြီးပြီဆိုရင် လမ်း ကြောင်းလိုက်ရှင်းတဲ့အခါမှာ သူတို့အသုံးပြုထားတဲ့ ဂွမ်းစတို့၊ ဆေးထိုး အပ် တို့၊ ပတ်တီးတို့ ၊ သွေးကွက်တို့တွေ့တယ်၊ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ် ရာ ရတယ်ဆိုတာ‌တော့ မျက်မြင်မဟုတ်လို့ အတည်ပြုလို့မရဘူး” ဟု ရေစကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံ တိုက် ခိုက် နယ်မြေရှင်းလင်းစဉ် MA ကျည် အိမ် နှစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၀၅ တောင့်နှင့် နင်းမိုင်း ၁ လုံး ကို သိမ်း ဆည်းရရှိပြီး ဖမ်းဆီးခံထားရသော ဓားစာခံပြည်သူတစ်ဦးတစ်ဦးကိုလည်း ကယ် ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြိုမြို့နယ်-ပကဖ) နှင့် သံမဏိသိန်းငှက် ဒရုန်း တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ စစ်သားများနှင့် ပျူစောထီး များသည် မြေနီကုန်းကျေး ရွာအတွင်း ရောက်ရှိတပ်စွဲထားပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက် ခိုးယူနေကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s