ပလက်ဝမြို့နယ်အတွင်း ကြားဖြတ်တိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု CDF ‌ပြော

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို CDF ပလက်ဝတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံး ပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့ (ပလက်ဝ) CDF –ပလက်ဝက မဇ္ဈိမကို အတည်ပြု ပြော သည်။

ယမန်နေ့ မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မတူပီမြို့နယ် လိုင်လင်းပီမြို့မှ ထယ်ဘွဲ့ စခန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ် စစ်ကြောင်းအား ပလက်ဝမြို့နယ် ကိန်းကန်းကုန်း ကျေးရွာနှင့် စခီဟာ ကျေးရွာအကြားရှိ ဗာမီချောင်းလမ်းခုလတ် တစ်နေရာတွင် CDF ပလက်ဝက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကြိုစောင့်ပြီး ခြုံခိုပဲ ပစ်ခဲ့ရတာပါ ၊ အင်အားများတော့ ငါးယောက်တော့ကျတယ် ၊ ဒဏ်ရာရတာတော့ ပိုများတာပေါ့ ၊ စစ်ကြောင်းကို ဖြိုဖျက်ဖို့က အင်အားမမျှ တော့ ခြုံခိုပဲတိုက်တာကြောင့် အထိနာရုံပဲရှိပါတယ်” ဟု CDF – ပလက်ဝတပ်ဖွဲ့ ဗဟိုကာကွယ်ရေးကော်မတီ ဥက္ကဌ Paul က မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲကြာချိန် ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ CDF ပလက်ဝတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင် းဆိုသည်။

ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ် စစ်ကြောင်းတွင် အင်အား ၈၀ ခန့် ပါဝင်ပြီး ဆမီးမြို့နှင့် မတူပီမြို့ကြားရှိ ၎င်းတို့ အခြေကုတ်ယူထားသည့် တစ်ခုတည်းသော ထယ်ဘွဲ့ စခန်းကို ရိက္ခာပို့ ခြင်းဖြစ်နိုင်ကြောင်း Paul က ဆက်ပြောသည်။

CDF ပလက်ဝက ကြားဖြတ်တိုက်ခိုက်ခဲ့သော နေရာနှင့် ထယ်ဘွေ့စခန်းသည် နှစ်နာရီခန့်ကြာ ခြေလျင်ခရီးဖြစ်ပြီး လက်ရှိမှာ ကျန်စစ်ကောင်စီတပ်ဖွဲ့များ ယင်းစခန်း သို့ ရောက်ရှိသွား ပြီဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန်နှင့် ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ စစ်ကောင်စီဘက်က မကြာခဏ စစ်ကြောင်းထိုးမှုများ ရှိလာနိုင်သည့်အတွက် သတိထားကြရန် CDF – Paletwa ဗဟိုကာကွယ်ရေး ကော်မတီ ဥက္ကဌ က ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s