မတ္တရာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ကျေး ရွာနေအိမ်အချို့ကို မီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာအုပ်စု၊ ကျွဲကျကျေးရွာက နေအိမ်တချို့ကို မတ် ၇ ရက်မှာ စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲတွေ၊ တိုက်ခိုက်မှုတွေ ငြိမ်သက်နေခဲ့တာဖြစ်ပြီး မတ် ၇ ရက်မှာ ကျေးရွာနေ အိမ်တချို့ကို စစ်အုပ်စုဘက်က မီးရှို့ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်တွေက ပြန်လည်ခုခံပစ်ခတ်ရာက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
မတ္တရာနယ်ခံတဦးက “အုန်းပင်တွေ မှန်တယ်၊ နောက်ပြီးကျတော့ ဆိတ်ခြံတွေထဲ ကျတယ်၊ ဆိတ်တွေ သေမသေတော့ မသိဘူး၊ လော လောဆယ် စကစဘက်ကတော့ ထိတဲ့ခိုက်တဲ့ အသံတော့ မကြားသေးဘူး၊ လောလောဆယ်တော့ စကစကတော့ ကျွဲကျမှာပဲ ရှိသေးတယ်” လို့ ပြော ပါတယ်။
ဒေသကာကွယ်ရေးတပ်တွေက ကျွဲကျရွာအတွင်း ခေတ္တတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးသီးငါးလုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျွဲကျကျေးရွာက နေအိမ် ၃ အိမ်ကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင် စီတပ်တွေ စခန်းချထားတဲ့ ကျွဲကျကျေးရွာထဲကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေကတော့ ကျွဲကျရွာက နေအိမ် ၁၀ လုံးနီးပါးအထိ မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မတ္တရာဒေသခံက ဆိုပါတယ်။ DVB