မန္တလေးရှိ ဇလုံကြီးဟင်းအနှစ်ထုပ် ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းထဲက ဇလုံကြီး ဟင်းအနှစ်ထုပ်ဆိုင်ကို မတ်လ ၉ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်ဖြစ်တဲ့ အမျိုးသား ၁ ဦးကို  ဖမ်းဆီးသွားတယ်လို့  ဆိုင်အနီးနားနေသူတွေထံက သိရပါတယ်။

အမေရိကန်မှာနေထိုင်တဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ ပန်ဆယ်လိုဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ ဇလုံကြီးဟင်းအနှစ်ထုပ်ကို တင်ရောင်းခဲ့တာနဲ့ပတ်သက်ပြီး  စစ်တပ်လော်ဘီ လူမှုကွန်ရက်ကနေ သတင်းတင်ခဲ့ပြီးနောက် ဒီနေ့မနက်မှာ ​ဖမ်းဆီးခံခဲ့ရတာလို့ လတ်တလော သိရပါတယ်။

ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိကြောင်း မတ်လ ၈ ရက်က  ဖြေရှင်းချက်ထုတ်ထားပါတယ်။

ဖမ်းဆီးခံရတဲ့ ဆိုင်ပိုင်ရှင်ကို လက်ရှိ ဘယ်မှာဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ မသိရသေးပါဘူး။

ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး  အခြေအနေကို အသေးစိတ်သိရဖို့ ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင် ဖြန့်ချိရေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုသူမရှိပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s