မုံရွာမြို့ လ.ဝ.က ရုံးဟောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လ.ဝ.ကရုံးဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ထုတ်ပြန်သည်။

အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် လ.ဝ.က ရုံးအတွင်း တပ်စွဲထားသောစစ်ကောင်စီတပ်များကို အထူးစုံစမ်း စစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းအ တည်ပြုချက်အရ မတ်လ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီး၊ ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ခွေး (စစ်ကောင်စီတပ်သား)တွေသေတာ ဒီထက်မကလောက်ဘူး။ ကျနော်တို့ စခန်းအပြတ်သိမ်းနိုင် တော့မယ်၊ ခွေး (စစ်ကောင်စီတပ် သား) ကသိပ်မကျန်တော့ဘူး။ အဲဒီအချိန် တပ်ကူရောက်လာတာနဲ့ ပြန် ဆုတ်ခဲ့ရတာ” ဟု CAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်မှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်အတွင်း စခန်းသိမ်းနိုင်လုအခြေအ နေသို့ရောက်ခဲ့ကြောင်း ၎င်းကထပ်လောင်း အတည်ပြုသည်။ က.ည.န ရုံးနှင့် ရေဦးဆန်ဆိုင်အနီးတွင်ရှိသော စစ်ကောင်စီတပ်သားများမှ တပ်ကူရောက်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာလာခဲ့ခြင်းဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း(၄)အထူးကွန်မန်ဒို (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ (၃) (Monywa Nightking PDF) ၊ မုံရွာခရိုင် တပ်ရင်း(၄) တပ်ခွဲ(၄) (5/Teachers People Defence Force PDF) ၊ မုံရွာခရိုင် တပ်ရင်း(၇) (Lightning People Defence Force )၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) (ဓါး မဆိုင်းတပ်မတော်) ၊ မုံရွာခရိုင်တပ်ရင်း (၁၁) (PDF – South Monywa )၊ Spring Dove နှင့် ယက္ခညီနောင် တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနှစ်ဦးကိုပစ်သတ်ခဲ့ ကြောင်းကြားသိရသဖြင့် များစွာဝမ်းနည်းရကြောင်း CAF က ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူနှစ်ဦးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အသေး စိတ်မသိရသေးကြောင်း ဆိုသည်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ (၃)၊ (၄) ၏ တပ်ရင်း တပ်ခွဲများသည် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လက်နက်ခဲယမ်းများ အရေးပေါ် လိုအပ်နေကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s