မြိုင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့ဝင်နေအိမ်များကို ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က သင်တန်းပေးကာ လက်နက်တပ်ဆင်ထား သော သရက်ကွကျေးရွာရှိ ပျူစောထီးခေါင်း ဆောင်နှင့် အဖွဲ့ဝင်များ၏နေအိမ်များကို ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြို့)က ထုတ်ပြန်ထားသည်။
မတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒရုန်းသုံးစင်းဖြင့် အီနာဂါ ဗုံးသီး ၁၀ လုံးချတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများရှိနိုင်ပြီး အရေအတွက်အတိအကျ မသိရှိရသေးဘဲ စုံစမ်းလျက် ရှိကြောင်းဆိုသည်။
“၄၅ မိနစ်လောက် ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။ သူတို့ဖက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ ကျနော်တို့ဖက်က အထိအခိုက်မရှိဘူး” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မီးပွားက မဇ္စျိမ သို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် မဟာမိတ်ညီနောင်များဖြစ်သော Black Cheetah တပ်ဖွဲ့ ၊ THU RAING (တပ်ဖွဲ့) ၊ Hero New GZ (တပ်ဖွဲ့) နှင့် Myaing Warriors တပ်ဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သရက်ကွကျေးရွာမှပျူစောထီးခေါင်းဆောင်မှာ ဇော်နိုင်ဆိုသူဖြစ်ပြီး ၎င်းမှာ ယခင်ကတည်းက စက်မှု(၂) နှင့်မြိုင်မြို့ထဲတွင် ဆိုင်ကယ်များဖမ်းဆီးပြီး ငွေတောင်းလေ့ရှိသူဖြစ်ကြောင်း ဗိုလ်မီးပွားကဆိုသည်။
ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့ဝင်များမှာ အပြင်ထွက်လျှင် ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသဖြင့် ယခု နောက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းမပါဘဲ မထွက်ရဲတော့ကြောင်း သိရသည်။
သရက်ကွကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ပျူစောထီး အင်အား ၃၀ ကျော်ခန့် ရှိကာ စစ်ကောင်စီတပ် က စစ်သင်တန်းပေးကာ လက်နက်များတပ်ဆင်ပေးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများကို နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေ ဖြင့် ၎င်းတို့၏အနီးနား သွားရောက်နေထိုင်ခြင်းများ မပြုလုပ်ကြရန် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ခေါင်း ဆောင်မှ မေတ္တာရပ်ခံထားသည်။mizzima