သံတောင်တိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၈ ဦး သေဆုံး

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်တွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦး ဒဏ်ရာရခဲ့ကြောင်း PDF Than Daung က မဇ္ဈိမကို အတည်ပြုပြောကြား သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် သံတောင်အခြေစိုက် ခ.မ.ရ (၆၀၄) တပ်မှ တပ်ရင်းမှူး ဟိန်းဇံထွန်းအား ၎င်းတို့စစ်ကြောင်း အခြေချရာနေရာတွင် စနိုက်ပါမစ်ရှင် (Sniper Mission) အနေဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF Than Daung က ဆိုသည်။

“သူနေတဲ့နေရာအထိ သွားရှင်းခဲ့တာပါ။ အဲ့ဒီအချိန်မှာ သူကစာဖတ်နေတာ၊ စာဖတ်နေရင်းနဲ့ သူ့တပည့် တွေကို လက်ညှိုးထိုးခိုင်းနေတာ။ အဲ့ဒီအချိန် ကျွန်တော်တို့က စနိုက်ပါနဲ့ သွားပစ်ခဲ့တာပါ၊ နေရာမှာပဲ သေ သွားပါတယ် ” ဟု PDF Than Daung ၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

တပ်ရင်းမှူး လုပ်ကြံခံရပြီးနောက် မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် သံတောင်မြို့ ကယား ကုန်းအောက်ဘက်သို့လာသော စစ်ကောင်စီတပ်နှင့် PDF Than Daung တို့အကြား ထိတွေ့တိုက်ပွဲ ဆက် လက်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ ဗိုလ်ကြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း PDF Than Daung က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် PDF Than Daung မှ တပ်ဖွဲ့ ဝင်တစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက သံတောင်မြို့ ၁၃ မိုင်၊ ဘိုတဲကုန်းရွာအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့် PDF Than Daung တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ PDF Than Daung မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေသော သံတောင် မြို့တွင် စစ်ကောင်စီတပ်သည် နေအိမ်များအား မီးရှို့ခြင်း၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း တို့အပြင် ဒေသခံများအား ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ၆ ရက်နေ့အတွင်း သံတောင်မြို့တွင် နေအိမ် ၂၀ လုံးထက်မနည်း မီးရှို့ ခံခဲ့ရပြီး ဆိုင်ကယ် ခုနစ်စီး၊ ကားတစ်စီးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ယင်းအပြင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

ယခုမတ်လဆန်းမှစ၍ KNU တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော သံတောင်မြို့၊ လိပ်သိုမြို့များသို့ စားနပ်ရိက္ခာနှင့် ဓာတ်ဆီစသော အ ခြေခံလိုအပ်ချက်များအား စစ်ကောင်စီတပ်ကတင်ဆောင်ခွင့် ပိတ်ဆို့ ထားကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s