ဟိုပန်ရွှေမြို့သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ရွှေဝါမှာ ဟိုပန်ရွှေမြို့သစ်စီမံကိန်းကို စိန်ပန်း(ဟိုပန်)အုပ်စုကုမ္ပဏီက ၂၀၂၂ ခုနှစ် အောက်တိုဘာလကစတင်ပြီး ၂၀၂၅ ထိ ၃ နှစ် စီမံကိန်းနဲ့ အပြီးဆောက်လုပ်သွားမယ်လို့ ရှယ်ယာရှင်တွေနဲ့ နီးစပ်သူဆီက သိရပြီး ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။

ဟိုပန်ရွှေမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသူတွေဟာ ဟိုပန်မြို့နေ မြေရှင်တရုတ်‌တွေနဲ့ လောက်ကိုင်၊ မိုင်းလား၊ ပန်ဆန်းဘက်က တရုတ်တွေ ဖြစ်ကြပြီး ဟိုပန်မြို့‌နေ မြေရှင်တရုတ်တွေဟာ ဟို‌ပန်မြို့ရဲ့ မြေယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။

စီမံကိန်းနေရာမှာ အဆင့်မြင့်စီးပွားရေး၊ အဆင့်မြင့်စက်မှု၊ ဆေးရုံ၊ ကျောင်း၊ ဈေး‌တွေနဲ့ အပန်းဖြေဖို့ ပန်းခြံ၊ ကစားကွင်း စတာတွေကို ဆောက် လုပ်သွားမှာဖြစ်ပြီး ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ကောင်းစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဟိုပန်ရွှေမြို့သစ် ပြုလုပ်တဲ့နေရာဟာ ရှယ်ယာရှင်တချို့နဲ့ ဒေသခံတချို့ရဲ့ မြေယာဖြစ်ပြီး အရင်က ဧကရာနဲ့ချီကျယ်ဝန်းတဲ့ ရော်ဘာခင်း ဖြစ်ပါတယ်။ 

စီမံကိန်းပြုလုပ်နိုင်ဖို့ တခြားနည်းအသုံးပြုခွင့်နဲ့ လျှောက်ထားကာ ဒေသခံတွေဆီက မြေယာတွေကို မြေရှင်တရုတ်တွေ ဝယ်ယူပြီး ရာဘာခင်းကို ရှင်းလင်းမြေညှိကာ အကွက်ဖော်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

“မြေယာလို့ မြေစာရင်းမှာ နာမည်ပေါက်တဲ့ မြေတခုကို အဆောက်အအုံဆောက်ချင်တာ၊ ဆိုင်ဖွင့်ချင်တာ လုံးဝ တိုက်ရိုက်မရဘူး။ တခြားနည်းလမ်း အသုံးပြုခွင့်ကို ရှမ်းပြည်နယ်အစိုးရဆီတင်၊ အစိုးရက ခွင့်ပြုချက်ပေးမှ ဆောက်လို့ရတာ။ တကယ် စည်းကမ်းရှိပြီး ဥပဒေလိုက်နာတဲ့ အစိုးရက နှစ်ပေါက်စေ့အောင် စစ်ပြီးမှ ချပေးတာ။ အခု တရုတ်တွေက မစောင့်ဘူး။ သူတို့မြေပဲဆိုပြီး လုပ်ချလိုက်တာ။ ဥပဒေအထက်မှာ တရုတ်နဲ့ ပိုက်ဆံပဲရှိတယ်ဆိုတာ ရှင်းနေတာပဲ” လို့ CDM ဝန်ထမ်းတဦးက ပြောပါတယ်။

ဟိုပန်ရွှေမြို့သစ်စီမံကိန်းဟာ ၁၄၅ ခြေမြန်တပ်ရင်းရှေ့မှာ တည်ရှိ‌နေတာ‌ကြောင့် အထပ်မြင့် အဆောက်အဦတွေ မဆောက်လုပ်ဖို့ အသစ်ပြောင်းလာတဲ့ တပ်မမှူးက အသိပေးထားပြီး အဆိုပါစီမံကိန်းကို စစ်ကောင်စီခန့် “ဝ”တိုင်းဥက္ကဋ္ဌ ဦးညီနပ်နဲ့ တပ်မမှူး‌ဟောင်းက ခွင့်ပြုထားပြီး အကောင်အထည်ဖော်‌ ဆောက်ရွက်သူတွေအနေနဲ့ အခက်ကြုံနေကြရပါတယ်။

ဒေသခံတဦးက “မြို့သစ်လို့‌ပြောပေမဲ့ ကာစီနို၊ လောင်းကစားတွေ လုပ်မယ်လို့ ကြားထားတယ်။ လောင်းကစားများလာတဲ့အတွက် မူးယစ်ဆေးဝါး၊ ခိုးမှု၊ လုယက်မှု‌တွေ ပိုများလာပြီး ကိုယ့်ဒေသက ကလေးတွေ ပျက်စီးဖို့ ၇၅ ရာခိုင်နှုန်း သေချာသွားပြီ။ ဟိုပန်က ဘာမှမထွက်သလို စီးပွားရေးနယ်မြေလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။

ဟိုပန်ရွှေမြို့သစ်စီမံကိန်း ပြုလုပ်တဲ့ မြေနေရာဟာ ဧက ၂၀၀‌ အထက်မှာ ရှိတယ်လို့ ခန့်မှန်းရပြီး အရင်နှစ်တွေထက် ဖွံ့ဖြိုးတိုးတက်ပြီး အလုပ် အကိုင် အခွင့်အလမ်း ပိုများလာမှာဖြစ်ပေမဲ့ ဒေသခံတွေအနေနဲ့‌ အကျိုးခံစားခွင့်နည်းပြီး ဒေသအာဏာပိုင်တွေသာ အကျိုးခံစားခွင့်များမှာ ဖြစ် ပါတယ်။

“မြို့သစ်လို့ ပြောတာက လောက်ကိုင်ပုံစံလိုပဲ ဖြစ်ဖို့များမယ်။ ကာစီနို၊ Paradise၊ ပြည့်တန်ဆာ၊ အွန်လိုင်းငွေလိမ် (ကျားဖြန့်) တွေပဲ ပိုများလာမယ်။ အထူးသဖြင့် အခြေခံလူတန်းစားအတွက် အဆင်မပြေတာများမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဟိုပန် ရွှေမြို့သစ်စီမံကိန်းကို စစ်အာဏာသိမ်းပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နေတာကြောင့် ဒေသခံတချို့က တရုတ်‌တွေရဲ့ လွှမ်း မိုးမှာကို စိုးရိမ်မှုရှိကြပြီး ဟိုပန်ရွှေမြို့သစ်အတွက် အင်တာနက်အသုံးပြုမှု အဆင်ပြေစေဖို့ တရုတ်ပြည်က WiFi ကို သွယ်တန်းအ သုံးပြု‌ထားပါတယ်။

ဟိုပန်မြို့ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် အရောင်းအဝယ် ပြုလုပ်တဲ့နေရာမှာ မြန်မာကျပ်ငွေအပြင် တရုတ်ယွမ်ငွေကို သုံးစွဲကြပြီး အာ ဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းမှုကြောင့် တရုတ်ယွမ်ငွေကိုသာ အဓိကထား သုံးစွဲကြတာ ဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s