အမေရိကန်က ပြဋ္ဌာန်းထားသော BURMA Act အကောင် အထည် ဖော်ရေး CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်နိုင်ငံခြား ရေး အတိုင်ပင်ခံတို့ တွေ့ဆုံ ဆွေးနွေး

အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းထားသော BURMA Act အကောင် အထည် ဖော်ရေး CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း Derek Cholletက ၎င်း၏ တွစ်တာ လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ် ပြန်သည်။

မတ်လ ၉ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet က CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် BURMA Act အကောင်အထည်ဖော်ဆောင်မှုအ တွက် အမေရိကန်ပြည်‌ထောင်စု၏ အကူအညီများရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

CRPH ၏ သတင်းထုတ်ပြန်ချက်တွင်မူ လက်ရှိမြန်မာနိုင်ငံအတွင်းရှိ စစ်ရှောင်ပြည်သူများနှင့် အရေးပေါ်အကူအညီလိုအပ်နေသူများအတွက် ထိရောက်သော ပံ့ပိုးကူညီမှုများပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါ အဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများရရှိနိုင်ရေးနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းအား ထုတ်မှုများတွင် ထိရောက်သော အကူအညီများ ရရှိနိုင်ရေး တို့အတွက် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s