KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်း မဟုတ်မှန်ဘဲ စစ်ကောင်စီ လက်အောက်ခံ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ် ချုပ် ဖားနွီး ၏ သား လိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်းဖြစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်းမှာ မှန်ကန်မှု မရှိသော သတင်းအမှားသာ ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြော ဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲ၊ ကစို ကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြား စောင့်တပ်ဖွဲ့ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီး၏ သားလိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း KNU သတင်းရင်း မြစ်က ပြောသည်။

“မိုင်းဆွဲခံရတာက KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ် ကားဆိုတာမဟုတ်ပါဘူး။ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီးရဲ့သား ကားတန်း မိုင်းဆွဲခံရတာပါ။ KNU ဥက္ကဋ္ဌ နဲ့စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရတယ်ဆိုတာ သတင်းအမှား။ ဘာကြောင့် ဒီလို သတင်းမျိုးကို အတည်ပြုချက်မရှိဘဲ ထုတ်ပြန်လဲတော့ နားလည်ရခက်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s