ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ် တပ်စခန်းများသို့ ရိက္ခာပို့ရန်နှင့် လုံခြုံရေး ယူနေသည့် ခမရ ၅၁၀ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာပို့ရန်နှင့် လုံခြုံရေး ယူရန် ထွက်လာသော ခမရ ၅၁၀ စစ်ကြောင်းကို ကရင် နီတပ်ဖွဲ့များက ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ရှမ်းပြည်နယ်၊ ကျိုင်းခမ်းမြို့ အခြေစိုက် ခမရ ၅၁၀ တပ်မှ အင်အား ၇၀ ခန့်ရှိ စစ်ကြောင်းက ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများအတွက် ရိက္ခာပို့ရန် ထွက်လာစဉ် ကရင်နီတပ်မတော်(KA) တပ်ဖွဲ့နှင့် KNDF တပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက် ပွဲ ၃ ကြိမ်အတွင်း အ ကြမ်းဖက် စစ်သား ၈ ဦးသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ဇန်နဝါရီလလောက်ကတည်းက ခမရ ၅၁၀ တပ်က ရိက္ခာပို့ဖို့နဲ့ လုံခြုံရေးယူဖို့ ထွက်လာ တာပေါ့၊ ဒေါတခဲ စစ်ဒေသကို ပို့ဖို့များတယ်၊ နောက် ထပ်စစ် ကြောင်း တစ်ကြောင်းလည်း ရှိသေးတယ်၊ အဲဒီ စစ်ကြောင်းနဲ့ပေါင်းမလားမသိရသေးဘူး၊” ဟု ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ခမရ ၅၀၁ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရှားတောမြို့နယ်၊ တာတမော စခန်းမှ ရှားတောဗျူဟာကုန်းသို့ ရိက္ခာပို့ရန် စီစဉ်နေစဉ် KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ မတ်လ ၆ ရက်နေ့ ရှားတောမြို့နယ်၊ တာတမောစခန်းမှ ထွက်လာစဉ် BP -9 တောင် ကုန်းအမှတ် ပွိုင့် ၃၂၂၂ အနီးအရောက်ခမရ ၅၀၁ စစ်ကြောင်းကို KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မတ်လ ၉ ရက် နံနက် ၆ နာရီခွဲခန့်အချိန် ထိုင်း-ကရင်နီ နယ် စပ်အနီး ဒေါတခဲ စစ် ဒေသတွင်လည်း ခမရ ၅၀၁ စစ် ကြောင်းကို ကရင်နီတပ်မတော်(KA) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s